Social Icons

Pages

Sunday, October 16, 2016

တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ လေးဦးထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၁၆-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာ တစ်ဝိုက် တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ကော်လီမူလာ (ဘ) အာဘူဟာ ရှိန်း၊ ကော်မာလူဟူဒါး (ဘ) လော်လီမူလာ၊ နုဒူဟူဒါး (ဘ) ကော်လီမူလာ နှင့် ဟာဘူတာရှိန်း (ဘ) ကော်လီမူလာ တို့ လေးဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ လေးဦးအား ကြိမ်ချောင်း ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ပြီး သတင်းဆက် ရရှိရေး စစ်ဆေး မေးမြန်းမှုများ ဆက်လက်
ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...