Social Icons

Pages

Tuesday, September 13, 2016

မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များ နှင့် စစ်သည်များ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံသို့ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ


မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ် များနှင့် စစ်သည်များ Great Wall တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်

မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ် များနှင့် စစ်သည်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၃-၉-၂၀၁၆

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် တပ်မတော် အနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် လျက်ရှိရာ မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များနှင့် စစ်သည်များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာများကို လေ့လာသိရှိ နိုင်စေရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကိုရီးယား သမ္မတနိုင်ငံ များသို့ လေ့လာရေး ခရီးစဉ် စီစဉ် ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ လေ့လာရေး အဖွဲ့သည် စက်တင်ဘာ ၅ ရက်မှ ၇ ရက်ထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ အထင်ကရ နေရာများ ဖြစ်သော Norinco Company ၊ Beijing Institute of Technology ၊ တီယန်ကျင်း တက္ကသိုလ်၊ တီယန်ကျင်း တက္ကသိုလ်ပြတိုက်၊ တီယန်ကျင်း ယဉ်ကျေးမှုပြတိုက်၊ ရှေးဟောင်းလမ်း (Ancient Street) ၊တီယန်ကျင်း မြို့လယ်မှ River View ၊ Great Wall ၊ ၂ဝဝ၈ ဘေဂျင်းအိုလံပစ် ငှက်သိုက် ကစားကွင်း၊ တိန်အန်မင် ရင်ပြင်နှင့် Hong Qiao Pearl Market အစရှိသည့် နေရာများအား လေ့လာကြသည်။

ယင်းနောက် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်ထိ ကိုရီးယားသမ္မတ နိုင်ငံရှိ အထင်ကရ နေရာများဖြစ်သော Nam Sam တောင်ပေါ်ရှိ ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး N Tower (ခေါ်) Seoul Tower ၊ Han River Night View ၊ အဝတ်အထည်နှင့် အိပ်ရာခင်း ထုတ်လုပ်သည့် Pan Pacific ကုမ္ပဏီ၊ ကိုရီးယားကင်ချီ အလုပ်ရုံနှင့် ရိုးရာဝတ်စုံများ ဝတ်ဆင် မှတ်တမ်းတင်ခြင်း၊ Everland Theme Park ၊ အကောင်းဆုံး ဗိသုကာဆိုင်ရာ တက္ကသိုလ် ဖြစ်သည့် Hongik University ၊ National Folklore Museum ၊ ရှေးဟောင်း နန်းတော် Gyeonbok Palace ၊ ဆိုးလ်မြို့တွင် အကြီးဆုံး လက်လီလက်ကား ဈေးကြီးဖြစ်သည့် Dong Dae Mum Market ၊ ရင်သပ် ရှုမောဖွယ် 3D ပန်းချီကားများ ပါဝင်သည့် Trick Eye Art Gallery နှင့်နာမည်ကျော် ကိုရီးယား ဂျင်မ်ဆင်း အရောင်းပြခန်း အစရှိသည့် နေရာများအား လေ့လာကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည် နှစ်ဦး၊ ကျောင်းအုပ်ကြီး ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၃၅ ဦးပါဝင်လျက် စက်တင်ဘာ ၁၁ ရက်ညပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူများ၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ၏ မိဘများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...