Social Icons

Pages

Monday, September 19, 2016

ရန်ကုန် မန္တလေး တောင်ကြီး ညောင်ရွှေ နှင့် ကလောမြို့တို့၌ ဟိုတယ် တည်ဆောက်ခွင့် တားမြစ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ညောင်ရွှေ နှင့် ကလောမြို့ တို့ရှိ ဟိုတယ်နှင့် မိုတယ်များ၏ အခန်း အရေအတွက် သည် လက်ရှိ ပြည်ပခရီးသွား ဧည့်သည် ဝင်ရောက်မှု အရေအတွက်ထက် ထက်ဝက်ကျော် များပြားနေ သဖြင့် အဆိုပါမြို့များ၌ ဟိုတယ်ထပ်မံ တည်ဆောက်ခွင့်ကို ကန့်သတ် တားမြစ် လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ စာရင်းများအရ ရန်ကုန်မြို့၌ ဧည့်သည် အရေအတွက် နှင့် အခန်းငှားရမ်းမှု ရာခိုင်နှုန်း မှာ ၅၄ ရာခိုင်နှုန်းရှိကာ လုံလောက်ရုံ မက ၄၆ ရာခိုင်နှုန်း ပိုနေပြီး မန္တလေးမြို့၌ အခန်း ငှားရမ်းမှုမှာ ၅၁ ရာခိုင်နှုန်း ရှိ၍ ၄၉ ရာခိုင်နှုန်း ပိုနေကြောင်း၊ ညောင်ရွှေမြို့၌ အခန်း ငှားရမ်းမှုမှာ ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးမြို့၌ အခန်း ငှားရမ်းမှုမှာ ၄၃ ရာခိုင်နှုန်းနှင့် ကလောမြို့၌ အခန်း ငှားရမ်းမှုမှာ ၁၈ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

အဆိုပါမြို့များ၌ ယခုကဲ့သို့ ဟိုတယ် တည်ဆောက်ခွင့် တားမြစ်ခြင်းမှာ လုံးဝ ပိတ်သိမ်းခြင်း မဟုတ်ဘဲ Supply နှင့် Demand တို့အရ ပြန်လည် တည်ဆောက် ခွင့်ပြု ပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ၏ လိုအပ်ချက် အရ ဆောက်လုပ်ရန် တင်ပြခြင်း များရှိလျှင်သာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ (၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...