Social Icons

Pages

Monday, July 11, 2016

ရပ်ဆိုင်းထားသည့် ရန်ကုန်-မန္တလေး ကုန်သေတ္တာတင်ရထား ပြန်လည် ပြေးဆွဲမည်



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ရန်ကုန်မှ မန္တလေးသို့ ကုန်သေတ္တာ တင်ပို့လိုသူများ အတွက် ကုန်သေတ္တာတင် တွဲဆိုင်း ၁၁ တွဲပါ ရထား ပြေးဆွဲခြင်းကို စက်ပစ္စည်း လိုအပ်ချက် ကြောင့် ရပ်ဆိုင်းထား ခဲ့ကာ ယခုအခါ ပြန်လည်ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပို့ဆောင်လိုသည့် ကုန်သေတ္တာ များတွင် အရှည်ပေ ၄ဝ၊ အကျယ် ၈ ပေ၊ အမြင့်ပေ ၈ ပေ ၆ လက်မ ထက်မပိုသော ကုန်သေတ္တာ နှစ်လုံး အလေးချိန် ၃၃ တန်ထက် မကျော်လွန်ပါက တင်ဆောင် ခွင့်ပြုမည် ဖြစ်သည်။

ရထားတွဲ ပေါ်သို့ ကုန်သေတ္တာ အတင်အချ ပြုလုပ်ခြင်းကို တင်ပို့သူက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကမ်းနားလမ်း၊ သီလဝါဘူတာ၊ ရွာမဘူတာ၊ မန္တလေးမြို့ရှိ မြို့ဟောင်း ဘူတာ၊ ယာဒ်ဝင်းနှင့် ပလိပ်ဘူတာ တို့၌ ကုန်သေတ္တာ အတင်အချ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) မန်နေဂျာ ဦးကျော်စိုးလင်း က ပြောသည်။

ကုန်သေတ္တာတင် ရထားဖြင့် ပို့ဆောင်မှုတွင် အဆန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၄၂ ကျပ်နှုန်း၊ အစုန်ခရီးစဉ် အတွက် ၁ မိုင်လျှင် ကုန်စည် ၁ တန် ငွေကျပ် ၃ဝ နှုန်းနှင့် ၄၂ ကျပ်နှုန်း သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...