Social Icons

Pages

Tuesday, May 17, 2016

မြန်မာ-ထိုင်းနှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည့် ထိုင်းဘုရင့်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ


ထိုင်းဘုရင့်ရေတပ် Office of Policy and Planning, Naval Operation Department မှ Director ဖြစ်သူ Rear Admiral Paradon Puangkeaw ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁၇-၅-၂၀၁၆

ရန်ကုန်မြို့တွင် ပြုလုပ်မည့် စတုတ္ထ အကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံ ဆွေးနွေးပွဲ (4th MN -RTN Navy to Navy Talks) တက်ရောက်ရန် အတွက် ထိုင်းဘုရင့်ရေတပ် Office of Policy and Planning, Naval Operation Department မှ Director ဖြစ်သူ Rear Admiral Paradon Puangkeaw ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ ရေတပ် စစ်သံမှူးနှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ရတနာ ဆင်ဖြူတော်အား သွားရောက် ကြည့်ရှု လေ့လာပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ကို ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...