Social Icons

Pages

Thursday, May 12, 2016

လေကြောင်းလူငယ် တန်းမြင့် သင်တန်းသား သင်တန်းသူ များကို လက်တွေ့လေယာဉ်ပျံသန်းမှုများ ဆောင်ရွက်ပေး



နေပြည်တော် ၊ ၁၂-၅-၂၀၁၆

မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်တွင် ဖွင့်လှစ်သည့် လေကြောင်းလူငယ် အခြေခံသင်တန်း နှင့် လေကြောင်းလူငယ် တန်းမြင့်သင်တန်း တို့ကို သင်ကြား ပေးလျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် လေတပ် ဆွယ် (မှော်ဘီ) ၌ လေကြောင်းလူငယ် တန်းမြင့် သင်တန်းသား၊ သင်တန်းသူ များကို လေယာဉ် ပျံသန်းမှု အတွေ့အကြုံများ ရရှိစေရန်အတွက် အပေါ့စား လေယာဉ်တပ်ဖွဲ့မှ CH-601 လေယာဉ်များဖြင့် လက်တွေ့ပျံသန်းမှုများကို ဆောင်ရွက် ပေးသည်။

ယင်းသို့ ပျံသန်းရာတွင် သင်တန်းသား တစ်ဦးစီကို CH-601 လေယာဉ်များတွင် တစ်ယောက်စီ လိုက်ပါစီးနင်း စေပြီး လေသူရဲများက လေယာဉ် ပေါ်၌ လေကြောင်း ဆိုင်ရာ အတွေ့အကြုံ များ၊ ပျံသန်းမှု များကို ပြသပေးသည်။

အလားတူ လေကြောင်းလူငယ် အခြေခံ သင်တန်းများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် နမ့်စန်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့၊ ဧရာဝတီ တိုင်း ဒေသကြီး ပုသိမ်မြို့၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ စသည့် လေ့ကျင့်ရေး စခန်းများ တွင် သင်တန်းသား၊ သင်တန်းသူ ၃၆ဝ ဦး တို့အား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံ စစ်ရေးပြ ဘာသာရပ်၊ လေကြောင်း ပညာသမိုင်း၊ လေယာဉ် ပျံသန်းမှု အခြေခံ သဘောတရား၊ လေယာဉ် တည်ဆောက်မှု အခြေခံ သဘောတရား၊ လေယာဉ် စက်အုံ တည်ဆောက်မှု အခြေခံများ၊ လေယာဉ် ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ လေယာဉ်ငယ် ပျံသန်းခြင်း လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း နှင့် လေ့လာရေး ခရီးသွား ရောက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...