Social Icons

Pages

Thursday, May 12, 2016

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အာဆီယံ လေတပ်အရာရှိငယ်များအား လက်ခံတွေ့ဆုံ



နေပြည်တော် ၊ ၁၂-၅-၂၀၁၆

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံ လေတပ် အရာရှိငယ်များ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် (ASEAN Air Forces' Junior Officers Interaction Programme) အစည်းအဝေး တက်ရောက် ခဲ့သည့် အာဆီယံ လေတပ်အရာရှိငယ် များအား ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က ယမန်နေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ဦးစွာ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံနိုင်ငံ များမှ လေတပ် အရာရှိငယ် များက နိုင်ငံအလိုက် နှုတ်ဆက်စကား ပြောကြားကာ အမှတ် တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) မှ တပ်မတော် အရာရှိကြီး များလည်း တက်ရောက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...