Social Icons

Pages

Wednesday, May 11, 2016

စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် စိုက်ခင်းများ မပျက်စီးစေရေး မြစ်ထိန်းနံရံများ ပြုလုပ်ရန်လိုအပ်နေ



ရေတာရှည် ၊ ၁၁-၅-၂၀၁၆

ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည် မြို့နယ်တွင် မြောက်မှတောင် သို့ စီးဆင်းသည့် စစ်တောင်းမြစ်ရေ တိုက်စားမှု ကြောင့် စိုက်ခင်းများ မပျက်စီး စေရေး မြစ်ထိန်း နံရံများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။

စစ်တောင်းမြစ်သည် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ အတွက် များစွာအကျိုး ဖြစ်ထွန်းလျက် ရှိသော်လည်း နွေဥတုတွင် မြစ်ရေ အတက်အကျ ကြောင့် မြစ်ကမ်းပါးများ ပြိုကျမှုရှိခဲ့ရာ တောင်သူများ၏ စိုက်ခင်းသီးနှံများ ပျက်စီးဆုံးရှုံးမှု များနှင့် ကြုံတွေ့ နေကြရကြောင်း ကက္ကူကျေးရွာ အုပ်စု တောင်သူများ ထံမှ သိရသည်။

''အခုအချိန်က ရေနည်း နေသေးတော့ ကမ်းပါးပြိုတာ နှေးနေသေးတယ်။ မိုးဦးကျ လောက်ဆိုရင် အများကြီး ပြိုတော့ တောင်သူတွေရဲ့ စိုက်ခင်းတွေ အတော်များများ ပါကုန်ပါတယ်။ မြစ်ထိန်းနံရံ တည်ဆောက်ဖို့ ဆိုတာကလဲ တောင်သူတွေ အနေနဲ့ မတတ်နိုင်ပါဘူး ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက် ပေးမှ အဆင်ပြေမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရေတာရှည်မြို့နယ် အတွင်း မြို့လှမြို့ အရှေ့ဘက်နှင့် ဆွာမြို့ အရှေ့ဘက် ရွှေကဇောင်း ကျေးရွာ နှင့် ရေတာရှည်မြို့ အရှေ့ဘက် ကျွဲရိုင်းပြင် ကျေးရွာတို့တွင် ကမ်းပါး ပြိုကျမှုများဖြင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။ (၄၁ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...