Social Icons

Pages

Monday, May 9, 2016

တပ်မတော်ရဟတ်ယာဉ်များဖြင့် ချီဖွေမြို့နယ် ၊ လန်ဆယ်ဒေသသို့ ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်




နေပြည်တော် ၊ ၉-၅-၂၀၁၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လန်ဆယ်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လကင်ချောင်း ရေမြင့်တက် ခဲ့မှုကြောင့် လန်ဆယ်ကျေးရွာ၊ တန်ဒန်ကျေးရွာ၊ ချီဝင်ကျေးရွာ၊ ဒဘန်းခကျေးရွာ၊ ရှီရှီခူးကျေးရွာ နှင့် သုံးချောင်ဆုံ ကျေးရွာ တို့ရှိ လူနေအိမ်များ မျောပါ ပျက်စီးခဲ့ပြီး လမ်းတံတားများ ပြိုကျ ပျက်စီးကာ ဒေသခံပြည်သူ များလည်း စားနပ်ရိက္ခာများ ပြတ်လပ် ခဲ့ရသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များက ယင်းဒေသများသို့ ချက်ချင်း သွားရောက်ပြီး မြေပြိုကျမှု များအား စက်ယန္တရားများ အသုံးပြု၍ ဖယ်ရှား ရှင်းလင်းခြင်း၊ ပျက်စီးနေသော လမ်း တံတားများ ပြုပြင်ခြင်း၊ ဆေးဝါးကုသေ ပးခြင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်နယ်အစိုးရ အဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့်ပူးပေါင်းကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် အလှူရှင်များမှ ပေးပို့သည့် ထောက်ပံ့ပစ္စည်း များနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ရေဘေးသင့် ဒေသများသို့ တပ်မတော်မှ ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက် ရှိပြီး ယင်းဒေသမှ ဖျားနာလူနာ ၂၁ ဦးနှင့် ကျောင်းဖွင့်ရာသီ တွင် ပညာ သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူ ၁ဝ၈ ဦးတို့ကိုလည်း မြစ်ကြီးနားမြို့ သို့ သယ်ယူပို့ဆောင် ပေးခဲ့သည်။

မေ ၇ ရက်တွင်လည်း တပ်မတော် ရဟတ်ယာဉ်ဖြင့် ထောက်ပံ့ရေး ပစ္စည်းများကို ယင်းဒေသသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ဧပြီ ၃ဝ ရက်မှ ယမန်နေ့ထိ စုစုပေါင်း ဆန် ၁ဝဝ၈ အိတ်၊ စားသုံးဆီ ၄ဝ ပိဿာ၊ ဆား ၅ဝ ထုပ်ပါ ရှစ်အိတ်၊ ကုလားပဲ ၄၃ အိတ်၊ ငါးခြောက် နှစ်အိတ်၊ ခေါက်ဆွဲခြောက် ၅၅ ဖာ၊ ရေသန့်ဘူး ၃၄ ကတ်၊ ငါးသေတ္တာ ၁၉ ဖာ၊ အသားဘူး ၁၇ ဖာ၊ ငါးပိ ၂ဝဝ ဘူး၊ ဘီစကွတ် ၈ဝ ဖာ၊ လက်ဖက်ခြောက် တစ်ဖာ၊ ကွေကာအုပ် လေးဖာ၊ ဆေးသေတ္တာ ခြောက်ဖာ၊ အဝတ်အစားထုပ် ၂၆ ထုပ်၊ မိုးကာစ ၉၈ ထုပ်၊ ကိုးမျိုးပါ ကယ်ဆယ်ရေး ပစ္စည်း ၃၂ စုံ၊ Kitchen Set ၈ဝ စုံ၊ Hygiene Kit ၂ဝဝ စုံ ၊ Dignity Kit ၂ဝဝ စုံ၊ ခြင်ထောင် ၁၈ဝ လုံး၊ စောင် ၃ဝ ထည်နှင့် ဆောက်လုပ်ရေး သုံးပစ္စည်း ၃ဝ စုံတို့ကို တပ်မတော် ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...