Social Icons

Pages

Thursday, March 10, 2016

ဂျပန်စပါးမျိုး လေးမျိုးကို စိုက်ပျိုးရေးဦးစီးဌာန နှင့် ပူးပေါင်းကာ ယုခနှစ်မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးမည်



ရန်ကုန် ၊ ၁၀-၃-၂၀၁၆

ဂျပန်စပါးမျိုး လေးမျိုးကို နေပြည်တော်၊ မှော်ဘီ၊ ပြည် နှင့် ဟဲဟိုးဒေသ တို့၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ ယခုနှစ် မိုးရာသီတွင် စမ်းသပ် စိုက်ပျိုးမည် ဖြစ်ကြောင်း တောင်သူများ ထံမှ သိရသည်။

မျိုးရင်းဆန်များ ကိုသာ စားသုံးလေ့ ရှိသည့် ဂျပန်နိုင်ငံသို့ ပြန်လည် တင်သွင်းသွား နိုင်ရန် မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုး နေခြင်းဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်မှု အပိုင်းကို မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) မှ တာဝန် ယူကြောင်း သိရသည်။

ဂျပန်စပါးမျိုးမှာ တစ်ဧကလျှင် တင်း ၉ဝ ခန့် ထွက်ရှိနိုင်ပြီး သက်တမ်းအားဖြင့် ရက် ၉ဝ မှ ၁၂ဝ အတွင်းသာ ရှိပြီး မြန်မာနိုင်ငံမှ အများဆုံး တင်ပို့ရောင်းချ နေသည့် ဆန်ကြမ်း အုပ်စုများထက် ဈေးကွက် ပိုမိုခိုင်မာမှု ရှိကာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝဝ ဝန်းကျင်ခန့် ဈေးရလေ့ ရှိကြောင်း သိရသည်။

''နိုင်ငံခြား အဖွဲ့အစည်း တွေက ကမ်းလှမ်းထားတာ ရှိပါတယ်။ ပြည်တွင်းမှာ စမ်းသပ် နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်။ ရောင်းဈေးလည်း ကောင်းမယ်လို့ မျှော်လင့်ရတယ်။ တစ်တင်းကို ငွေကျပ် ၇ဝဝဝ ဝန်းကျင်ရှိမယ်။ နှစ်စဉ် တော်သလင်းလ လောက် စိုက်ကြ ပါတယ်'' ဟု ဂျပန်ဆန် များနှင့် ပတ်သက်၍ တောင်သူ ဦးငွေတိုး က ပြောသည်။

ယင်း ဂျပန်ဆန် စပါးမျိုး များကို နှစ်နိုင်ငံ အစိုးရအဆင့် မျိုးဖလှယ်သည့် အစီအစဉ်ဖြင့် စမ်းသပ်စိုက်ပျိုး ထားပြီး စီးပွားဖြစ် လုပ်ကိုင် နိုင်သည့် အဆင့်အထိ စိုက်ပျိုးထုတ်လုပ် လာနိုင်ပါက ၄င်းစပါး ဖြစ်ထွန်းရာ ဒေသများရှိ တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စား လာမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...