Social Icons

Pages

Thursday, March 10, 2016

နှစ် ၈ဝ ပြည့် ပြင်ဦးလွင် နာရီစင်ကြီးကို ဆေးအသစ်သုတ်၍ မီးအလှများ တပ်ဆင်



ပြင်ဦးလွင် ၊ ၁၀-၃-၂၀၁၆

ပြင်ဦးလွင်မြို့တွင် နာရီစင်ကြီး မရှိမီ ကိုလိုနီခေတ်က မြို့အဝင် ကျောက်တောင်ပေါ်မှ မြို့သူ၊မြို့ သားများ အချိန်နာရီကို တိကျစွာ သိရှိကြစေရန် အမြောက်သံများ ပစ်ဖောက်ပေး ခဲ့ရပြီး နာရီစင်ကြီး ပေါ်ထွက်လာချိန် မှစ၍ အမြောက်သံများ ရပ်နားခဲ့ရသည်။

ယခုအခါ ပြင်ဦးလွင်မြို့၏ နှစ် ၈ဝ ပြည့် နာရီစင်ကြီးကို ဆေးရောင်များ ပြန်လည် မွမ်းမံသုတ်၍ ရောင်စုံ မီးအလှများ အသစ် တပ်ဆင်ထွန်းညှိ လျက်ရှိသည်။ ပြင်ဦးလွင်မြို့ ၏ အထင်ကရ အမှတ် သင်္ကေတ တစ်ခုဖြစ်သည့် နာရီစင်မှ နာရီကြီးကို ၁၉၃၄ ခုနှစ် က အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျန်ဆင် (Gillete and Johnson Co.,Ltd) ကုမ္ပဏီမှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင် ၏ နန်းစံသက် ၂၅ နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ် အဖြစ် ထုတ်လုပ်ခဲ့သော နာရီ ငါးလုံးအနက် တစ်လုံး အပါအဝင် ဖြစ်ကြောင်း သမိုင်း မှတ်တမ်းများ အရ သိရသည်။ ပြင်ဦးလွင် နာရီစင်ကြီး သည် အမြင့် ၇၅ ပေရှိသည်။ အရပ် လေးမျက်နှာမှ နေ့ရော၊ ညပါ မြင်နိုင်သည့် အချင်းလေးပေခွဲ စီ ရှိသော ဒိုင်ခွက်ကြီး လေးခုပါရှိပြီး ဝက်စ်မစ်စတာချိုင်းမ် ( Westmister Chime) ခေါ် ခေါင်းလောင်း လေးလုံးနှင့် ခေါင်းလောင်းကြီး တစ်လုံးပါရှိရာ ခေါင်းလောင်း လေးလုံးမှာ ၁၅ မိနစ်လျှင် တစ်ကြိမ် သံစုံဂီတသံများ ကျူးရင့်ထွက်ပေါ် ပေး၍ ခေါင်းလောင်းကြီး မှာ တစ်နာရီ ပြည့်တိုင်း သံစုံများနှင့်အတူ သတ်မှတ် နာရီတိုင်း အချက်ကျကျ အပြည့်တီး ပေးသည့် ခေါင်းလောင်း ကြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...