Social Icons

Pages

Tuesday, March 15, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (13th ACDFIM) တက်ရောက်မည့် အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် Maj. Gen. Souvone LEUNGBOUNMY ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၆

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်မည့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် Landmark Mekong Riverside Hotel ၌ နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံ ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Sommai Kaotira ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj. Gen. Souvone LEUNGBOUNMY ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဖိလစ်ပိုင် နိုင်ငံ ဒုတိယတပ်မတော် စစ်ဦးစီးချုပ် Lt. Gen. Romeo T Tanalgo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Gen. Do Ba Ty ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ဘရူနိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj. Gen. Pehin Mohd Ta Wih Bin Abdullah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေး နှင့်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများ အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...