Social Icons

Pages

Tuesday, February 9, 2016

တပ်မတော်၏ စည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်


နေပြည်တော် ၊ ၉-၂-၂၀၁၆

မကြာသေးမီ ရက်ပိုင်းအတွင်းက online လူမှုကွန်ရက် များတွင် တပ်မတော် သင်တန်းကျောင်း တစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးနေသည့် ဗီဒီယို မှတ်တမ်းဖိုင် သုံးခုပျံ့နှံ့ခဲ့ပြီး ယင်း ဗီဒီယိုဖိုင်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ အနေဖြင့်လည်း ဝေဖန် သုံးသပ်ချက် များစွာ ဖော်ပြခဲ့ကြသည်။

စစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြော ဖြစ်သဖြင့် စစ်စည်းကမ်း နှင့်ပတ်သက်ပြီး လိုက်နာ လုပ်ဆောင်ရမည့် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက် များကိုလည်း တိကျစွာ ပြဋ္ဌာန်း သတ်မှတ် ထားရှိပြီး ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်မှု အတွက် အုပ်ချုပ်မှု ညီညွတ်မျှတ စေရေးကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ဗီဒီယိုဖိုင်များနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရန် အတွက် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းသို့ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဦးစီးသော စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ဖြစ်စဉ် မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများနှင့် တာဝန်ရှိ သူများကို တပ်မတော်၏ စည်းမျဉ်းဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...