Social Icons

Pages

Wednesday, February 10, 2016

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၀-၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်းကြမ်းမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၁ နာရီခန့်၌ ညိုချန်ရွာပျက် ရှိ လူမနေသော နှစ်ထပ်အိမ် မြေအောက်ခန်း အတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်အိုး လေးလုံး၊ လက်ဆွဲပန့် မော်တာလေးလုံး၊ ကြွေကတော့ လေးခု၊ ကြွေဆန်ခါ တစ်ခု၊ ဖန်ပေါင်းအိုး လေးလုံး၊ ကြေးပိုက်ခွေ တစ်ခွေ၊ အိတ်ထက်ဝက် ခန့်စီရှိသော ကာဗွန်မှုန့် နှစ်အိတ်နှင့် လက်သည်းခွံ အရွယ် (ဖယောင်းချပ် ပုံစံ) အဖြူခဲ တစ်အိတ်၊ ပလတ်စတစ် အိတ် ၁၅ဝ လုံး၊ ပလတ်စတစ် အိတ်ပိတ်စက် တစ်လုံး၊ ဆေးစပ်ပြွန်တစ်ချောင်း တို့အား သိမ်းဆည်းရမိ ခဲ့သည်။

ထို့နောက် ပတ်ဝန်းကျင် နေရာ တစ်ဝိုက်အား ဆက်လက် ရှာဖွေရာ မြေအောက်၌ တွင်းတူးပြီး ဝှက်ထားသော Phosphoric Acid စာတန်းပါ ငါးဂါလန်ဝင် ပလတ်စတစ်ပုံး ၄ဝ ပုံးအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်း တွင်လည်း ၄င်းနေရာအနီး မှ မြေကြီးအောက်၌ မြှုပ်ထားသော Phosphoric Aicd စာတန်းပါ ငါးဂါလန်ဝင် ပလတ်စတစ်ပုံး ၁ဝ ပုံးအား ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ပစ္စည်းများအား ကုန်းကြမ်း ရဲစခန်းသို့ စနစ်တကျ အပ်နှံသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...