Social Icons

Pages

Thursday, February 4, 2016

အမျိုးသားပြတိုက် (နေပြည်တော်) ၌မြန်မာ့လက်မှု အနုပညာနှင့် အာဆီယံပြခန်းများ သီဟာသနပလ္လင် နှင့် ကလေးသူငယ် ပညာပေးပြခန်းများ ဖွင့်လှစ်မည်



နေပြည်တော် ၊ ၄-၂-၂၀၁၆

အမျိုးသားပြတိုက် (နေပြည်တော်) တည်ဆောက် ပြီးစီးမှုအရ မြန်မာ့လက်မှု အနုပညာပြခန်းနှင့် အာဆီယံပြခန်း များကို ဖေဖော်ဝါရီလ တတိယပတ်၊ သီဟာသနပလ္လင် ပြခန်းနှင့် ကလေးသူငယ် ပညာပေး ပြခန်းများကို မတ်လ ပထမပတ်တွင် အပြီးသတ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားပြတိုက် (နေပြည်တော်)၌ အဆောင် A ၊ B ၊ C ၊ D နှင့် E ဟူ၍ ငါးဆောင်ရှိပြီး အဆောင် A နှင့် B ရှိ ပြခန်း ခုနစ်ခန်းကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်က ပထမအဆင့် အဖြစ် ဖွင့်လှစ်ခဲ့ကာ အဆောင် C ၊ D နှင့် E တို့၏ တည်ဆောက်ရေး လုပ်ငန်းများမှာ ယခုဘဏ္ဍာနှစ် အတွင်း ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပြတိုက် (နေပြည်တော်)ရှိ အဆောင် D ၌ မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်း နှင့် အထူးပြပွဲပြခန်း တို့ပါဝင်ပြီး အဆောင် C ၌ သီဟာသနပလ္လင် ပြခန်း ပါဝင်မည်ဖြစ်ကာ ယင်းပြခန်းများ အနက် အာဆီယံပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်း များတွင် Panel ကာရံခြင်း လုပ်ငန်းများမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး ပြခန်းသုံးမီးများ တပ်ဆင်ခြင်း လုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခင်းကျင်းပြသမှု အထောက်အကူပြု ပစ္စည်းများဖြစ်သည့် တင်ခုံများ၊ ပစ္စည်းပြ မှန်ဗီရိုများနှင့် ပုံစံတူ၊ ပုံစံငယ်များမှာ ပြုလုပ်ဆဲရှိပြီး အဆောင် C အတွင်းရှိ သီဟာသနပလ္လင် ပြခန်းအတွက် သီဟာသနပလ္လင် ပုံစံတူ အစိတ်အပိုင်းများ ရောက်ရှိနေပြီ ဖြစ်ကာ မြန်မာမှု အပြောက်အမွမ်း ပန်းများ တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးသည့်အချိန်တွင် တပ်ဆင် ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...