Social Icons

Pages

Monday, January 11, 2016

နိုင်ငံခြားဘာသာတက္ကသိုလ် (၅၂)နှစ်ပြည့် အခမ်းအနား ရန်ကုန်တက္ကသိုလ်၌ ကျင်းပမည်


ရန်ကုန် ၊ ၁၁-၁-၂၀၁၆

နိုင်ငံခြားဘာသာ တက္ကသိုလ် စတင် တည်ထောင်သည့် (၅၂) နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ကျောင်းမွေးနေ့ပွဲကို ၂ဝ၁၄ ခုနှစ်တွင် နှစ် (၅ဝ) ပြည့်အဖြစ် စတင်ကျင်းပ လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၄ ရက်တွင် နည်းပြသစ် များက ၄င်းတို့ရေးသား ထားသည့် ဘာသာစကား ဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ပဒေသာကပွဲ၊ ဈေးရောင်းပွဲနှင့် ကစားပွဲများ ကျင်းပကာ ဇန်နဝါရီ ၁၆ ရက်တွင် နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမ များ၏ ဘာသာစကားဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ လွင်လွင်စိုး က ပြောသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ဘာသာစကား ဌာန ၁ဝ ခုရှိပြီး ဘာသာရပ်ဌာန ငါးခု ရှိကြောင်းနှင့် ယင်း ၁၅ ခုထဲမှ ဘာသာရပ် တစ်ခုလျှင် ဘာသာစကား တစ်ခုမှ ဆရာ၊ ဆရာမ တစ်ဦးစီက ၄င်းတို့နှင့် သက်ဆိုင်သည့် စာတမ်းများကို ဖတ်ကြားမည် ဖြစ်ပြီး ယင်း စာတမ်းများကို နိုင်ငံခြားဘာသာ တက္ကသိုလ်အား ဂုဏ်ပြုသည့် အနေဖြင့် မှတ်တမ်းတင် ထားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...