Social Icons

Pages

Monday, May 13, 2013

RCSS / SSA ( ရွက်ဆစ် ) လက်နက်ကိုင် အဖွဲ့မှ ဒေသခံ ပြည်သူများအား တရားဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်


SSA ရွက်ဆစ် သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်
နေပြည်တော် ၊ ၁၂-၅-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ၊ ကျစန်းကျော့ လမ်းခွဲမှ ၁၀၅ မိုင် စစ်ဆေးရေးဂိတ် ရှောင်ကွင်း လမ်းဘေးရှိ လူနေအိမ် တဲအား မေလ ၁၁ ရက် ည ၉ နာရီ မိနစ် ၂၀ အချိန်က RCSS / SSA ( ရွက်ဆစ် ) အဖွဲ့မှ ပြောင်းကျား ယူနီဖောင်းဝတ် ၃ ဦးခန့်သည် အကြောင်းမဲ့ လက်နက်ငယ် များဖြင့် ပစ်ခတ်၍ မီးရှို့ ဖျက်ဆီးခဲ့သည်။ ၄င်းဖြစ်စဉ် တွင် မူဆယ်မြို့ ၊ အထက်တုံခန် ကျေးရွာနေ မောင်ကျော်သူထိုက် ၂၄ နှစ် (ဘ) ဦးစိုးတင့် မှာ ၀ဲဘက်ရင်အုံ လက်နက်ငယ် ကျည်ဖောက်ဝင် ဒဏ်ရာ ၊ ဟိုနောင်ရွာ တွင် နေထိုင်သော ဦးညီညီ ၃၆ နှစ် (ဘ) ဦးဒေး မှာ ရင်အုံ ၊ ညာပါး ၊ ညာပေါင် တို့တွင် လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာများ နှင့် ဦးကျော်မင်းဆွေ ၄၂ နှစ် (ဘ) ဦးလှဆွေ မှာ ၀ဲဘက် ခြေဖနောင့် နှင့် ၀ဲဘက်ပေါင်ရင်း တို့တွင် လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များမှ မူဆယ် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေရန် ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ် နှင့် ပတ်သက်၍ ဒေသခံ ပြည်သူ များ၏ ပြောပြချက် အရ RCSS / SSA ( ရွက်ဆစ် ) အဖွဲ့မှ အဖွဲ့ဝင် အချို့သည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်၍ တရား ဥပဒေမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

SSA ရွက်ဆစ် သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်၍ ဒဏ်ရာ ရရှိခဲ့သော ဦးညီညီ

SSA ရွက်ဆစ် သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်၍ ဒဏ်ရာ ရရှိခဲ့သော ကျော်သူထိုက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...