Social Icons

Pages

Tuesday, January 12, 2016

ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တေးသီချင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ


ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ကိုယ်စား ၊ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချို အနုပညာရှင်များ ကိုယ်စား မောင်ထွန်းမင်း (၀တ်မှုံတေးဂီတ) ကို 
ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်စဉ်

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချို တက်ရောက်လာကြသော ရုပ်ရှင် ၊ ဂီတ ၊ စာပေအနုပညာရှင် နည်းပြဆရာကြီး များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၁၂-၁-၂၀၁၆

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တေးသီချင်းများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြဝတီရုပ်မြင်သံကြား ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချို၊ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသော ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာရှင် နည်းပြ ဆရာကြီးများ၊ တာဝန်ရှိသူများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဗိုလ်မှူးကြီး ခင်မောင်ချို က သင်တန်းဆင်းမိန့်ခွန်း ပြောကြားကာ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဆုတံဆိပ်၊ ဂုဏ်ပြု လက်မှတ်များနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ (ကိုယ်စား) မြဝတီရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်လျက် ရှိသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တေးများ ပြန်လည်တီးခတ် သီဆိုရိုက်ကူးရာတွင် ပါဝင်ပံ့ပိုး ကူညီသော အနုပညာရှင် များအား ဂုဏ်ပြုချီးမြှင့်ငွေ များအား ပေးအပ်ချီးမြှင့်ရာ အနုပညာရှင်များ ကိုယ်စား မောင်ထွန်းမင်း (ဝတ်မှုံတေးဂီတ) က လက်ခံရယူသည်။ ဆက်လက်ပြီး အဖွဲ့လိုက် လက်တွေ့ရိုက်ကူးခြင်း (Group Program) သင်ခန်းစာတွင် ပထမဆုရရှိသော အဖွဲ့အား အလင်္ကာကျော်စွာ ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး က လည်းကောင်း၊ အဖွဲ့လိုက် လက်တွေ့ ရိုက်ကူးခြင်း (Micro Film) သင်ခန်းစာတွင် ပထမဆု ရရှိသောအဖွဲ့အား ဒါရိုက်တာ တုနှိုင်းခ ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် တက်ရောက် လာကြသောရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာရှင် နည်းပြဆရာကြီး များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းတွင် မြန်မာစာရေးထုံး၊ ပန်းချီ၊ ဆက်တင်ပညာရပ်များ၊ ဇာတ်လမ်း/ ဇာတ်ညွှန်း ရေးသားနည်း၊ တည်းဖြတ်ခြင်း၊ ကင်မရာ ရိုက်ကူးခြင်း၊ မီးအလင်းပေးခြင်း၊ ဒါရိုက်တာ ပညာရပ်၊ စက်မှုပိုင်းဆိုင်ရာ ပညာရပ်၊ သရုပ်ဆောင်ပညာ၊ အကပညာ၊ သတင်း ဖတ်ကြားခြင်း၊ သတင်း ရေးသားခြင်း၊ တေးရေး/ တေးဆို၊ နောက်ခံ တေးဂီတ အပါအဝင် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ပုံ အဆင့်ဆင့် ကို သင်တန်းသား/ သင်တန်းသူ ၈၄ ဦးဖြင့် ရက်သတ္တ ၁ဝ ပတ်ကြာ သင်ကြားပို့ချ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...