Social Icons

Pages

Wednesday, December 16, 2015

ဂုတ်ထိပ်တံတားပေါ်သို့ လာရောက်လည်ပတ်သူ များပြားနေသဖြင့် တံတားကို ဖြတ်သန်းပြေးဆွဲ ပေးမည့် သံလမ်းပြေးကား တိုးချဲ့ ပြေးဆွဲနိုင်ရန်စီစဉ်



နောင်ချို ၊ ၁၆-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်သည့် ဂုတ်ထိပ်တံတား ပေါ်သို့ လာရောက် လည်ပတ်သူ များပြားလျက်ရှိရာ တံတားသို့ ဖြတ်သန်း ပြေးဆွဲပေးမည့် သံလမ်းပြေးကား တစ်စင်းသာ ရှိသဖြင့် ထပ်မံပြေးဆွဲ နိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၃) သွားလာရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဂုတ်ထိပ်တံတား ပေါ် ဖြတ်သန်း သွားလာမည့် နောင်ချို- နောင်ပိန် ဘူတာ အသွားအပြန် ခရီးစဉ်ကို သံလမ်းပြေး ကားဖြင့် လူ ၂ဝ ဦးလျှင် ကျပ်တစ်သိန်းနှင့် ပြေးဆွဲ ပေးလျက်ရှိရာ သွားလာသူ များပြားနေ သဖြင့် တံတားပေါ်မှ ထပ်မံဖြတ်သန်း ပြေးဆွဲနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပေ ၃ဝဝ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်၍ တည်ဆောက် ထားသည့် သက်တမ်း ၁ဝဝ ကျော်ရှိပြီ ဖြစ်သော ဂုတ်ထိပ်တံတား ပေါ်၌ နယ်မြေ လုံခြုံရေးအရ လူဖြတ်သန်းခွင့်ကို တားမြစ်ထား သော်လည်း သွားလာမှုများ တွေ့ရှိ နေရသဖြင့် ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ လုံခြုံရေး တင်းကျပ် သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၃) မှ သိရသည်။

ဂုတ်ထိပ်တံတား သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် ခုနစ်မိုင် အကွာ မိုင်တိုင် (၄၆၃/ဝ၉) ၌ တည်ရှိပြီး ကမ္ဘာ့အံ့ဖွယ် တံတား ၁ဝ စင်းတွင် တစ်ခု အပါအဝင် ဖြစ်ကာ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား သွားရောက်လေ့လာ ကြသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...