Social Icons

Pages

Wednesday, December 16, 2015

လူသား၏ ထိတွေ့မှုကို တုံ့ပြန်နိုင်သော ဟေလိုဂရမ်များ ဖန်တီး



တိုကျို ၊ ၁၆-၁၂-၂၀၁၅

ဂျပန်နိုင်ငံ Tsukuba တက္ကသိုလ်မှ သုတေသီ များသည် လူသား၏ ထိတွေမှုကို တုံ့ပြန်နိုင်သော ဟေလိုဂရမ်များကို ဖန်တီးပြုလုပ် ထားကြောင်း သိရသည်။

အဆိုပါ ဟေလိုဂရမ် များကို ရူပသတ္တိရှိသော ပစ္စည်းများမှ သုံးဖက်မြင် အလင်းလွှင့်ထုတ် လာအောင် လှုံ့ဆော်ပေး နိုင်သော လေဆာရောင်ခြည် တစ်မျိုးဖြင့် ဖန်တီးခြင်း ဖြစ်ပြီး ကွန်ပျူတာဖြင့် စိတ်ကြိုက်ဒီဇိုင်း ဖန်တီးပြုလုပ် ထားခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို Fairy Light ဟု အမည်ပေး ထားကြောင်း၊ အရွယ်အစား အားဖြင့် 1 cm3 သာရှိကြောင်း၊ သို့သော် Optical Device များကို အသုံးပြုကာ အရွယ်အစားကို ပို၍ ချဲ့နိုင်ကြောင်း သိရသည်။

''လူတွေအတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ပျော်စရာလေး တစ်ခုပါ။ ဥပမာ နှလုံးပုံကလေး ဆိုရင် အလယ်မှာ လက်ညှိုးနဲ့ တွန်းပေးလိုက်ရင် နှစ်ခြမ်းကွဲ သွားတယ်။ လက်ညှိုး ဖယ်လိုက်ရင် ပြန်ဆက်သွားတယ်။ Love ဆိုတဲ့စကားလုံးကို လက်ညှိုးနဲ့ တွန်းလိုက်ရင် Hate ဖြစ်သွားတယ်။ Hate ကိုတွန်းလိုက် ပြန်ရင် Love ပြန်ဖြစ်သွားတယ်။ လေးထောင့် အကွက် ကလေးကို လက်ညှိုးနဲ့ ထိလိုက်ရင် အမှန်ခြစ်လေး ဖြစ်သွားတယ်။ ထပ်ပြီး ထိလိုက်ရင် အမှားခြစ်လေး ဖြစ်သွားပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

လေထဲလွင့်မျော နိုင်သော ဟေလိုဂရမ် နည်းပညာကို အသုံးပြုကာ 3D ဆက်သွယ်ရေးစနစ် တစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး Video Conference များတွင် တစ်ဖက်နှင့် တစ်ဖက် အမှန်တကယ် လက်ဆွဲနှုတ်ဆက် လိုက်ရသော အရသာမျိုးကို ခံစားရစေမည် ဖြစ်ကြောင်း သိရသည်။

In Japan, Scientists Use Lasers to Make Touchable Holograms

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...