Social Icons

Pages

Wednesday, October 14, 2015

မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သော မော်ချီးဒေသတွင် တပ်မတော်က ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်


နေရပ်သို့ပြန်လိုသော ရွှေ့ပြောင်း အလုပ်သမားများကို တပ်မတော် မော်တော်ယာဉ်များဖြင့်
 မော်ချီးမှ လွိုင်ကော်မြို့သို့ ပို့ဆောင်ပေးစဉ်


နယ်မြေခံတပ်မတော်သား များက မြေပြိုကျပြီး လမ်းပိတ်ဆို့မှုများ ကို ရှင်းလင်း ဖယ်ရှားပေးစဉ်

နေပြည်တော် ၊ ၁၄-၁၀-၂၀၁၅

အောက်တိုဘာ ၁၃ ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့ ပြိုကျ ပျက်စီးကာ ဒေသခံပြည်သူ အချို့ သေဆုံး၊ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် မော်ချီးဒေသ တွင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) မှ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးလွင် ဦးစီးသည့် နယ်မြေခံ တပ်မတော်သား များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် များက ယမန်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ လိုခါးလိုကျေးရွာ၌ ကယ်ဆယ်ရေး စခန်းနှစ်ခု၊ မော်ချီး အောက်ရွာ၌ ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ကာ မော်ချီးတောင်ပေါ် ကျေးရွာ၊ ယူကော်ခို ကျေးရွာ၊ ဇီးပင်ကွေ့ ကျေးရွာတို့မှ နေထိုင်ရန် အန္တရာယ်ရှိ သဖြင့် ရွှေ့ပြောင်းလာသော ဒေသခံပြည်သူ စုစုပေါင်း ၁၁၈၆ ဦးကို ကယ်ဆယ်ရေး စခန်းများသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများေ ဆာင်ရွက်ပေးခြင်း နှင့် စားသောက် နေထိုင်ရေး ကိစ္စများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့အပြင် နေရပ်သို့ ပြန်လိုသော ရွှေ့ပြောင်း အလုပ်သမား ၁၅၇၂ ဦးကိုလည်း တပ်မတော် မော်တော်ယာဉ်များ အပါအဝင် မော်တော်ယာဉ် စုစုပေါင်း ၃၁ စီးဖြင့် မော်ချီးမှ လွိုင်ကော်မြို့သို့ ပို့ဆောင်ပေးကာ ပြည်နယ်အစိုးရ အဖွဲ့နှင့် ပူးပေါင်းပြီး လွိုင်ကော်မြို့ သာသနာ့ ဗိမာန်တွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်၍ နေထိုင် စားသောက်ရေးနှင့် လွိုင်ကော်မြို့မှ တစ်ဆင့် ၄င်းတို့၏ နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက် ရှိသည်။

ဆက်လက်၍လည်း မော်ချီးဒေသတွင် နယ်မြေခံ တပ်မတော်သား များက ပြိုကျခဲ့သော နေအိမ်၊ အဆောက်အအုံ များကို ရှင်းလင်းခြင်း၊ မြေပြိုကျပြီး လမ်းပိတ်ဆို့မှု များကို ရှင်းလင်းခြင်း ၊ ပျက်စီးသွားသော တံတားများကို အမြန်ဆုံး ပြန်လည် သွားလာနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိပြီး နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များနှင့် အလှူရှင်များက စားသောက် ဖွယ်ရာများ၊ သောက်သုံးရေနှင့် မိုးကာတဲများ ပေးအပ်လှူဒါန်း ကြကာ စားသောက်နေထိုင် ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...