Social Icons

Pages

Wednesday, October 14, 2015

ဖာပွန်မြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ ခေတ္တပြောင်းရွှေ့ နေထိုင်ကြသော ဒေသခံပြည်သူများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်



နေပြည်တော် ၊ ၁၄-၁၀-၂၀၁၅

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် စက်တင်ဘာလ နှင့် အောက်တိုဘာ လတို့အတွင်း KNLA တပ်မဟာ(၅) လက်အောက်ခံ အဖွဲ့များက လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ သဖြင့် ဟတ်ကြီး၊မျဉ်း တပြေး၊ ရွှေဖလားကျ၊ မဲပလိ၊ ပိုင်လာ၊ မဲထ၊ တော့ကယ်ထ ကျေးရွာတို့မှ အိမ်ထောင်စု ၄၃၀ စု ၊ လူဦးရေ ၂၇၃၉ ဦးတို့သည် လှိုင်းဘွဲ့မြို့နယ် ၊ မြိုင်ကြီးငူ ဒေသသို့ ခေတ္တ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြသည်။

ထိုသို့ခေတ္တ ပြောင်းရွှေ့နေထိုင် ကြသော ဒေသခံပြည်သူ များကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်းနှင့် တာဝန်ရှိသူများက ဇိနမာန်အောင် ရွှေပြန်ကျွန်း ဘုရားကြီး၌ သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဆန် ၁ဝ အိတ်၊ ဆီပိဿာ ၄ဝနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် မြတ်လေးမြိုင် အခြေခံပညာ မူလတန်းကျောင်း ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြား နေမှုကို ကြည့်ရှု အားပေးကာ ကျောင်းသုံး ဗလာစာအုပ် များနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...