Social Icons

Pages

Friday, August 28, 2015

Viejet လေကြောင်းလိုင်းမှ ပြည်တွင်း လေယာဉ်မောင် လေယာဉ်မယ် များခေါ်ယူ



ရန်ကုန် ၊ ၂၈-၈-၂၀၁၅

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂ ရက်တွင် စတင် ပျံသန်းမည့် Viejet လေကြောင်းလိုင်းမှ ပြည်တွင်း လေယာဉ်မောင်၊ လေယာဉ်မယ် များအား ခေါ်ယူသွားမည် ဖြစ်ကြောင်း Viejet လေကြောင်းလိုင်းမှ သိရသည်။

ယင်းအတွက် ပြည်တွင်းရှိ လေယာဉ်မောင်၊ လေယာဉ်မယ် များ စိတ်ဝင်စားမှု ရှိပါက လျှောက်ထားနိုင်ပြီး အရွေးချယ်ခံ ရသည့် လျှောက်ထားသူများသည် ဗီယက်နမ်နိုင်ငံ နှင့် တခြားနိုင်ငံ တို့တွင် သင်တန်းများ တက်ရောက်ကာ လေ့ကျင့်သင်ကြား ရမည်ဖြစ်ကြောင်း နှင့် ကောင်းမွန်သည့် လစာနှင့် တခြား အခွင့်အလမ်းများ အပါအဝင် ရာထူး တိုးမြှင့် နိုင်သည့် အခွင့်အလမ်း များစွာကို ရရှိမည် ဖြစ်သည်။

ထို့အပြင် လူတွေ့စစ်ဆေးခြင်းကို စက်တင်ဘာ ၈ ရက်တွင် ဟနွိုင်းမြို့ရှိ Sofitel Plaza ဟိုတယ်၌ လည်းကောင်း၊ အောက်တိုဘာ ၁ ရက်တွင် ဟိုချီမင်းမြို့ 60A Truong Son CT Plaza Building ၉ လွှာရှိ Viejet လေ့ကျင့်ရေး စင်တာ၌ လည်းကောင်း ပြုလုပ် သွားမည်ဖြစ်ပြီး စက်တင်ဘာ ၄ ရက် နောက်ဆုံး ထားကာ လျှောက်လွှာများ ပေးပို့ ရမည် ဖြစ်သည်။

ထို့အပြင် ဟိုချီမင်းမြို့တွင် လူတွေ့ မေးမြန်းခြင်းများ ဆက်လက် ပြုလုပ်မည် ဖြစ်ရာ စိတ်ဝင်စားပါက စက်တင်ဘာ ၂၈ ရက်တွင် နောက်ဆုံး ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ယင်း လျှောက်ထား လိုသူများသည် အသက် ၂ဝ မှ ၃ဝ အတွင်း ရှိရမည်ဖြစ်ပြီး အမျိုးသား များသည် အရပ် ၁ ဒသမ ၇ မီတာမှ ၁ ဒသမ ၈ မီတာ၊ အမျိုးသမီး များသည် ၁ ဒသမ ၆ မီတာမှ ၁ ဒသမ ၇၅ မီတာ ရှိရမည် ဖြစ်ကြောင်း၊ ပညာ အရည်အချင်း အားဖြင့် အခြေခံပညာ  အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရန် လိုအပ်ပြီး အင်္ဂလိပ်စာ စွမ်းရည် TOECI အမှတ် (၄ဝဝ) အထက် ရရှိထားသည့် အသိအမှတ်ပြု လက်မှတ် ရရှိရမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...