ရန်ကုန် ၊ ၁၃-၈-၂ဝ၁၅
မြန်မာ့ပျားရည်ကို ပြည်တွင်း သုံးစွဲမှုထက် ပြည်ပဈေးကွက် သို့ ပိုမိုတင်ပို့ နေရကြောင်း ပျားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။ ပျားရည်ကို ပြည်တွင်း၌ ဆေးဝါး အဖြစ်သာ အဓိက အသုံးပြု ကြပြီး ပြည်ပနိုင်ငံများ၌ သကြားအစား ပျားရည် စားသုံးခြင်းနှင့် အအေးပိုင်း နိုင်ငံများ၌ ပျားရည် သုံးစွဲမှု များခြင်းကြောင့် ပြည်ပ ဈေးကွက်သို့ အဓိကထား တင်ပို့ရခြင်း ဖြစ်သည်။
မြန်မာ့ပျားရည်ကို အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့သို့ အဓိက တင်ပို့လျက်ရှိပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် နိုင်ငံသို့ ပျားရည် ၁ဝ၃၄ ဒသမ ၉၃ တန်၊ ကနေဒါ နိုင်ငံသို့ ၃၂၁ ဒသမ ၆ တန်၊ ထိုင်းနိုင်ငံသို့ ၁၂၉၅ ဒသမ ၁၄ တန်၊ မလေးရှား နိုင်ငံသို့ ၅ တန်နှင့် ဂျပန်နိုင်ငံသို့ ၈၉၃ ဒသမ ၈ တန် အသီးသီး တင်ပို့ခဲ့သည်။
ပြည်တွင်း၌ ပျားမွေးမြူသူ ၈ဝ၂ ဦးမှ ပျားအုံ အရေအတွက် ၁၂ဝဝဝဝ ခန့်မွေးမြူ ၍ ပျားရည် ထုတ်လုပ်လျက် ရှိသည်။ မြန်မာနိုင်ငံ၌ ပျားမွေးမြူရေး ကို ၁၉၇၉ ခုနှစ် နှင့် ၁၉၈၂ ခုနှစ်တို့၌ စတင်ခဲ့ပြီး ဖြစ်သည်။ ၁၉၈၈ - ၁၉၈၉ ခုနှစ်တွင် မြန်မာ့ပျားရည် ကို ဂျပန်သို့ တင်ပို့ခဲ့သည်။ ၂ဝ၁၃ ခုနှစ် မတိုင်မီအထိ မြန်မာ့ ပျားရည်ကို ဂျပန်၊ ထိုင်း နှင့် တရုတ်နိုင်ငံ တို့သို့ အဓိက တင်ပို့ခဲ့ရာမှ စီးပွားရေး အခွင့်အလမ်း ပွင့်လင်း လာခဲ့မှု ကြောင့် အမေရိကန် နှင့် ကနေဒါနိုင်ငံ တို့သို့ တင်ပို့နိုင်ခဲ့ပြီး နှစ်အလိုက် ပျားရည် တင်ပို့မှု တိုးတက် ခဲ့ကြောင်း သိရသည်။
ကေကေ
မြ၀တီနေ့စဉ် ၊ စာ(၁၂)
#Themyawadydaily
No comments:
Post a Comment