Social Icons

Pages

Tuesday, August 4, 2015

ရေဘေးသင့်ဒေသရှိ လယ်ယာလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကူညီမည်


ရန်ကုန် ၊ ၄-၈-၂၀၁၅

ရေဘေးသင့် ဒေသရှိ တောင်သူ လယ်သမားများ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန် အသေးစား အလတ်စား ဆန်စက်များ၊ သိုလှောင်ရုံများ၊ မျိုးစပါးနှင့် ဓာတ်မြေသြဇာ များသာမက တခြား လယ်ယာသုံး ပစ္စည်းများ ကိုပါ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

''ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးကြတဲ့ အသေးစား အလတ်စား ဆန်စက်တွေ၊ ဆန်စပါးကုန်သည်ေ တွကိုလည်း စက်တွေနဲ့ သိုလှောင်ရုံတွေ ပြန်လည် ပြင်ဆင်ပေးမယ်။ စက်ယူနစ် အသစ်တွေ ကိုလည်း အစားထိုး လဲလှယ် ပေးသွားမယ်။ တောင်သူတွေ ကိုလည်း ရာသီအမီ စပါးပြန်လည် စိုက်ပျိုးနိုင်ဖို့၊ မျိုးစပါးနဲ့ သွင်းအားစု မြေသြဇာတွေ ရရှိဖို့ ပေါင်းစပ် ကူညီမှုတွေ လုပ်သွားမယ်၊ ဒေသအရောက် သယ်ယူ ပို့ဆောင်ရေး တွေကိုလုပ် နိုင်အောင်လည်း စီစဉ်ပေးသွားမယ်၊ ထွန်စက်နဲ့ တခြား ဝန်ဆောင်မှု တွေကိုလည်း လုပ်ပေးသွားမယ်၊ ရေလွှမ်းမိုး မှုကြောင့် ဖြစ်ပေါ်တဲ့ ရောဂါနဲ့ ပိုးမွှားအန္တရာယ် နှိမ်နင်းဖို့ နည်းပညာတွေ ကူညီ ပေးသွားမယ်'' ဟု အဆိုပါ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဆန်စပါး အသင်းချုပ် အနေဖြင့် ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် စားနပ်ရိက္ခာ အသုံးအဆောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးစီးပါက အသင်းချုပ် ဦးဆောင်မှုဖြင့် ညီနောင် ဆန်စပါး အသင်းများ၊ ပြည်တွင်း ပြည်ပ ဆန်စပါး လုပ်ငန်းရှင်များ နှင့် စေတနာ ရှင်များ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော တချို့ဒေသ များ၌ ဆန်ဈေးများ မြင့်တက်လာရာ ဆန်ဝယ်ယူ ရရှိရန် အခက်အခဲများ မဖြစ်ပေါ် စေရန် အဆိုပါ ဒေသများသို့ ဈေးနှုန်းများ ပြန်လည် တည်ငြိမ် လာသည် အထိ ဆက်လက် တင်ပို့ သွားမည်ဖြစ် ကြောင်း ဆန်ဈေးတက်မည့် အခြေအနေအား ပြည်သူများမှ စိုးရိမ်ပူပန်ခြင်း မဖြစ်စေရန် ကြေညာ ထားရှိကြောင်း သိရသည်။

ချမ်းချမ်းကို

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawadydaily
#‎SaveMyanmar‬
‪#‎MyanmarFlood‬
‪#‎SupportMyanmar‬
‪#‎PrayforMyanmar‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...