Social Icons

Pages

Tuesday, August 25, 2015

မျက်ကပ်မှန် တပ်သူများတွင် မှားယွင်းသော အလေ့အကျင့်များရှိနေပြီး ပိုးကူးစက်နိုင်



နယူးယောက် ၊ ၂၅-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စု တွင် မျက်ကပ်မှန် တပ်ဆင်သူ လူ ဦးရေ ၁ဝဝဝ ထက်မနည်းကို စစ်တမ်း ကောက်ယူခဲ့ရာ ၉၉ ရာခိုင် နှုန်းသည် မျက်ကပ်မှန်ကို စံချိန် စံညွှန်း မီအောင် သန့်စင်ခြင်း မပြုလုပ် ကြသည်ကို တွေ့ရှိရသည့် အတွက် မျက်ကပ်မှန် တပ်ဆင်သူ အများစုတွင် ဗက်တီးရီးယားပိုး ကူးစက်ခံ ရနိုင်သော အလားအလာ အလွန် မြင့်မားလျက် ရှိကြောင်း ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဌာန (CDC)မှ ထုတ်ပြန် ကြေ ညာသည်။

''မျက်ကပ်မှန် တပ်ဆင်သူတွေ ထဲမှာ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်း တွေကို လိုက်နာတာ တစ်ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ ၈၅ ရာခိုင်နှုန်းဟာ ရေချိုးစဉ်မှာ မျက်ကပ်မှန်ကို မဖြုတ်ခဲ့ ပါဘူး။ ၆၁ ရာခိုင်နှုန်းဟာ မျက်ကပ်မှန် တပ်ပြီး ရေကူးပါတယ်။ ၃၅ ရာခိုင်နှုန်း ဟာ မျက်ကပ်မှန်ကို ရိုးရိုးရေနဲ့ ဆေးကြော ပါတယ်။ ရေချိုးတာ၊ ရေကူးတာ၊ ရေနဲ့ဆေး တာတွေကြောင့် ရေထဲက မိုက်ခရို ဗက်တီးရီးယား တွေ ကူးစက်မှုကို ခံရနိုင်ပြီး မျက်စိနာတာ ကနေ မျက်စိကွယ် သွားတဲ့ထိ ပြဿနာ ကြီးလာ နိုင်ပါတယ်'' ဟု CDC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထို့ပြင် မျက်ကပ်မှန် တပ်ဆင် အသုံးပြုသူ ထက်ဝက် ခန့်သည် မျက်ကပ်မှန် တပ်ဆင်လျက် အိပ်ရာဝင် ကြကြောင်း၊ မျက်ကပ်မှန် ဆေးရည် အကျန်ထဲ အသစ် ရောထည့်ကာ ဆေးကြောသူ ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ အိပ်စက်ချိန်တွင် မျက်ကပ်မှန် တပ်ဆင်ထားခြင်း၊ ဆေးရည် အဟောင်းကို သွန်မပစ်ဘဲ အသစ်နှင့် ရောနှောဆေး ကြောခြင်း တို့ကြောင့် မလိုလား အပ်သော မျက်စိနာ ရောဂါများကို ရရှိစေ နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...