Social Icons

Pages

Wednesday, August 12, 2015

တောင်တမန်အင်းကြီး အတွင်း ၅ ကြိမ်မြောက်အဖြစ် ငါးအမြောက်အမြား သေဆုံး



ရန်ကုန် ၊ ၁၂-၈-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ တောင်သမန် အင်းကြီးအတွင်း ယမန်နေ့ နံနက်ပိုင်းတွင် ငါးအမြောက်အမြား သေဆုံးမှုကို တွေ့ရှိ ရကြောင်း သိရသည်။

ထိုသို့ သေဆုံးရာတွင် တောင်သမန်အင်း အတွင်း ရေဆိုး ဝင်ရောက်လေ့ ရှိရာ နေရာတွင် သေဆုံးခြင်း ဖြစ်ပြီး သေဆုံးသည့် အရေအတွက်မှာ ထောင်ဂဏန်းကျော် ရှိကာ စက်မှုဇုန်များမှ စွန့်ပစ်သည့် ရေဆိုး များကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ယင်း သေဆုံးမှုသည် ဧရာဝတီမြစ် ရေမြင့်တက် နေပြီး တောင်သမန်အင်း အတွင်းသို့ မြစ်ရေ ဝင်ရောက် လာမှု များပြားသည့် ငါးများ သေဆုံးလေ့ မရှိသည့် ကာလ ဖြစ်သဖြင့် ငါးလုပ်ငန်း ဦးစီးဌာနမှ အင်းအတွင်းရှိ ငါးသေများ နှင့် ရေနမူနာများ ယူဆောင်ပြီး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမည် ဖြစ်ကာ သေဆုံးရသည့် အကြောင်းရင်းကို ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နှင့် ၂၉ ရက်တို့တွင် တောင်သမန်အင်း အတွင်းသို့ ရေဆိုး စွန့်ပစ်မှု များကြောင့် ရေထု ညစ်ညမ်းပြီး ရေတွင် ပျော်ဝင်သော အောက်ဆီဂျင် သုည အမှတ်အထိ ကျဆင်းသွားပြီး ငါးများ သေဆုံးခဲ့သဖြင့် အင်းအတွင်း ရေဆိုး စွန့်ပစ်သည့် စက်ရုံ ၁၂ ရုံကို ရေချိုငါး လုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ အမှုဖွင့် ခဲ့ကြောင်း သိရသည်။

တောင်သမန်အင်း တွင် လွန်ခဲ့သည့် ရှစ်လအတွင်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ် ဧပြီ ၁၂ ရက်တွင် တစ်ကြိမ်၊ ဧပြီ ၂၉ ရက်တွင် တစ်ကြိမ်၊ မေလအတွင်းက တစ်ကြိမ် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ကြိမ်နှင့် ဆိုလျှင် ငါးကြိမ်မြောက် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...