Social Icons

Pages

Thursday, July 9, 2015

ဝဇီရာရုပ်ရှင်ရုံကို Red Carpet Theatre အဖြစ် ဆောင်ရွက်မည်



ရန်ကုန် ၊ ၉-၇-၂၀၁၅

ရန်ကုန်မြို့၏ နှစ်ပေါင်း ၆ဝ ကျော် ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်သည့် ဝဇီရာ ရုပ်ရှင်ရုံကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း၍ ပြည်ပ အကူအညီ ရယူကာ Red Carpet Theatre အဖြစ် ယခုနှစ် ထဲတွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ဝဇီရာ ရုပ်ရှင်ရုံရဲ့ သက်တမ်းက တော်တော်လေး ကြာမြင့် နေပါပြီ။ ဒီလိုရုပ်ရှင် အဆောက်အအုံ ကို Red Carpet Theatre အဖြစ် ပြုပြင် ပြောင်းလဲ ဆောင်ရွက်တာ တော်တော် အကျိုးရှိ ပါတယ်။ အဲဒီလို ပြောင်းလဲ ဆောင်ရွက် လိုက်ရင် ရုပ်ရှင် လောကသားတွေ အနေနဲ့လည်း အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ရရှိမှာပါ'' ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝဇီရာ ရုပ်ရှင်ကို Red Carpet Theatre အဖြစ် ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများ၏ အကူအညီ တချို့ကို လက်ခံရယူမည် ဖြစ်ကာ ပညာရှင် တချို့ကိုလည်း ပြည်တွင်းသို့ ဖိတ်ခေါ်ပြီး နည်းပညာ များရယူကာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း နှင့် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါ ရုပ်ရှင်ရုံကို Red Carpet Theatre အဖြစ် အပြီးသတ် ပြောင်းလဲ နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ၄င်း အဆောက်အအုံကို အဆင့်မြှင့်တင် ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်သည်။ ဝဇီရာ ရုပ်ရှင်ရုံသည် ရုပ်ရှင်ရုံတန်း ခေတ်ဖြစ်သည့် ၁၉၅ဝ ပြည့်နှစ်မှ လက်ရှိအချိန်ထိ သက်တမ်း အရှည်ဆုံး ရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...