Social Icons

Pages

Monday, July 20, 2015

မြေနေရာ အခက်အခဲရှိသော်လည်း ကားပါကင်စနစ် ကို ရုပ်သိမ်းသွားမည် မဟုတ်



ရန်ကုန် ၊ ၂၀-၇-၂၀၁၅

မော်တော်ယာဉ် တင်သွင်း လိုသူများ အနေဖြင့် မြေနေရာ အခက်အခဲ ရှိသော်လည်း ကားပါကင် ထောက်ခံချက် ရှိမှသာ တင်သွင်းခွင့် ရှိမည်ဆိုသော စနစ်ကို ယခုနှစ် အတွင်း ပယ်ဖျက် သွားမည် မဟုတ်ကြောင်း ကားပါကင် စိစစ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ကားပါကင် တင်သွင်း လိုသူတွေ အနေနဲ့ ကားပါကင် ထောက်ခံချက်တွေ မဖြစ်မနေ ပါမှ လျှောက်ထားခွင့် ပြုမှာပါ။ ဒီနှစ် အတွင်းမှာတော့ ဒီစနစ်ကို ပယ်ဖျက်သွားဖို့ မရှိပါဘူး'' ဟု ၄င်းက ပြောသည်။

အဆိုပါ ယာဉ်ကြော ကျပ်တည်းမှု များကို လျှော့ချရန် ယခုနှစ် ဇန်နဝါရီလ မှဇွန်လကုန် အထိ ရန်ကုန်တိုင်း ဒေသကြီးတွင် မော်တော်ယာဉ် တင်သွင်းရန် တစ်ဦးချင်း လျှောက်ထားမှု၌ မော်တော်ယာဉ် အစီးရေ ၁၅၈၃၆ စီးအား ပါကင်ပါမစ် ထုတ်ပေး ခဲ့သည့်အပြင် ကုမ္ပဏီ အသင်းအဖွဲ့ အတွက် ၂၂၉ဝ၂ စီးကိုလည်း ကားပါကင် ပါမစ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

''လက်ရှိမှာ ကားပါကင် စနစ်ကြောင့် တချို့တိုက်ခန်း မှာနေတဲ့ လူတွေဆိုရင် ကားဝယ်ရင် ကားပါကင် ပါမစ်ကိုပါ ဝယ်ပြီးတော့ မှ ကားဝယ်ရတာ တွေ့ရပါတယ်။ ကားပါကင် စနစ်ကို ပြောင်းလဲ စဉ်းစားပေးရင် ကောင်းမှာပါ။ မြေနေရာ အခက်အခဲ လည်းရှိတဲ့ အတွက်ကြောင့်ပါ '' ဟု မော်တော်ယာဉ် အရောင်းပြခန်း မန်နေဂျာ တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...