နေပြည်တော် ၊ ၁၆-၇-၂၀၁၅
ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ဧရာဝတီမြစ် ရေတိုက်စား မှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုသည် ဇလွန်- ဟင်္သာတ ရေကာတာ နှင့် ၂၆ ပေအထိ နီးကပ် လာခဲ့ပြီး အန္တရာယ် ရှိသော အခြေအနေသို့ ရောက်ရှိ လာခဲ့သည်။
ထို့ကြောင့် ၄င်းဒေသတွင် နေထိုင်သော တောင်ပို့တစ်ရာ ကျေးရွာအုပ်စုရှိ လန်ဒါကျေးရွာ၊ သရက်နှစ်ပင် ကျေးရွာ၊ မေထုံကျေးရွာ နှင့် ဂွေးတောက်ချောင်း ကျေးရွာတို့မှ အိမ်ထောင်စု ၁၆၆ စု၊ လူဦးရေ ၆၉၂ ဦးကို ယမန်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြို့နယ် ဆည်မြောင်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး အန္တရာယ် ကင်းလွတ်ရာသို့ ရွှေ့ပြောင်း ပေးခြင်း၊ မြစ်ကမ်းပါး ဆက်လက် မပြိုကျစေရေးအတွက် ကမ်းပါးဘေးတွင် တုတ်ရိုက်ခြင်း၊ မြေဖို့ခြင်းနှင့် သဲအိတ်များ ချခြင်း လုပ်ငန်းများကို ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily


No comments:
Post a Comment