Social Icons

Pages

Thursday, July 9, 2015

ဆေးယဉ်ပါးတီဘီ ဝေဒနာရှင်များအတွက် 3MDG မှလစဉ် ထောက်ပံ့ငွေကို ကမ္ဘောဇဘဏ် ရှိ ATM စက်များတွင် ထုတ်ယူနိုင်



ရန်ကုန် ၊ ၉-၇-၂၀၁၅

ဆေးယဉ်ပါး တီဘီလူနာ များအား ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ The Three Millennium Development Goal Fund - 3MDG မှ လစဉ်ငွေကြေး ပံ့ပိုးပေးလျက် ရှိရာ ဝေဒနာရှင်များ အနေဖြင့် ထောက်ပံ့ကြေး ကို ယခင်ကဲ့သို့ တီဘီရောဂါကု ဌာနများတွင် သွားရောက် ထုတ်ယူရန် မလိုတော့ဘဲ မိမိတို့နှင့် နီးစပ်ရာ ကမ္ဘောဇဘဏ် ATM စက်များတွင် လစဉ် ထုတ်ယူ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ 3MDG အဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်နှင့် မန္တလေးမြို့ရှိ မြို့နယ် ၅၆ မြို့နယ်မှ တီဘီ ဝေဒနာ ရှင်ပေါင်း ၂၂ဝဝ ကို လစဉ်ငွေကျပ် ၃ဝဝဝဝ စီ ထောက်ပံ့ ပေးလျက်ရှိရာ ယခုကဲ့သို့ Electronic Cash Transfer System ဖြင့် ပြောင်းလဲ ထောက်ပံ့ ပေးခြင်းဖြင့် တီဘီ ဝေဒနာရှင်များ အနေဖြင့် အဆင်ပြေ လွယ်ကူ သွားမည် ဖြစ်ကြောင်း 3MDG မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး ၂၂ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး တီဘီရောဂါ ဝေဒနာရှင် ၂၅ဝဝဝဝ ခန့် ရှိသည်ဟု အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ ထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး၏ ဆေးယဉ်ပါး တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းသို့ 3MDG အဖွဲ့မှ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ သန်းကို ထောက်ပံ့ပေး နေပြီး ကျန်းမာရေး ဝန်ကြီး ဌာန၏ မိခင်နှင့် ကလေး ကျန်းမာရေး HIV ၊ တီဘီ၊ ငှက်ဖျား တိုက်ဖျက်ရေးနှင့် ကျန်းမာရေးစနစ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များကိုလည်း ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...