Social Icons

Pages

Thursday, July 9, 2015

ဓမ္မဒါန ဖောင်ဒေးရှင်း မှ ကြီးမှူးပြီး (၂၁)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးဌာန ၌ ကျင်းပမည်



ရန်ကုန် ၊ ၉-၇-၂၀၁၅

ဓမ္မရောင်ခြည် ၊ ဓမ္မဒါန ဖောင်ဒေးရှင်း အနေဖြင့် ပြည်သူများ ပါဝင်သော စုပေါင်း သွေးလှူဒန်းပွဲ များကို ရန်ကုန်မြို့၌ လေးလတစ်ကြိမ် ကျင်းပလေ့ရှိရာ (၂၁)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်း ပွဲကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ရှိ အမျိုးသား သွေးဌာန(ပုံ)၌ သြဂုတ် ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားရာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ မည်သူမဆို လာရောက် သွေးလှူဒါန်း နိုင်ကြောင်း သိရသည်။

အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပသည့် နေ့တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသား သွေးဌာနမှ ဆရာဝန် များနှင့် သူနာပြု ဆရာမများ လာရောက်၍ သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ခြင်း အစရှိသော အမှုကိစ္စများကို လုပ်အားဒါန ပြုကာ ဝိုင်းဝန်းကူညီ ဆောင်ရွက် ကြမည် ဖြစ်သည်။

ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်း သည် လေးလတစ်ကြိမ် ပုံမှန် စုပေါင်း သွေးလှူဒါန်းပွဲ များအပြင် အရေးပေါ် သွေးလှူဒါန်းပွဲ များကိုလည်း အခါ အားလျော်စွာ တာဝန်ယူ ကျင်းပလေ့ ရှိရာ ပါဝင် ကုသိုလ်ယူ လိုသော သွေးလှူရှင်များ အနေဖြင့် ရန်ကုန်မြို့ သိမ်ကြီးဈေး (စီ)ရုံ ပထမထပ်ရှိ ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်းသို့ လူကိုယ်တိုင် လာရောက်၍ ကြိုတင် စာရင်းပေးသွင်း နိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း-ဝ၉- ၅ဝ၇ ၉၆၇၄၊ ဝ၉- ၅ဝ၁၅ ၄၄၆ နှင့် ဝ၉- ၅၁၃၆ ၃၈၅ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...