Social Icons

Pages

Monday, May 18, 2015

နိုင်ငံတကာသုံးစာ နှင့် မြန်မာစာ စာညွှန်းမပါသည့် လူသုံးကုန် စားသောက်ကုန် ပစ္စည်းရောင်းချနေမှုများအား ပညာပေးကာလ ကျော်လွန်ပါက ထိရောက်စွာ အရေးယူမည်



ရန်ကုန် ၊ ၁၈-၅-၂၀၁၅

စားသုံးသူများ နားလည် နိုင်သည့် နိုင်ငံတကာသုံးစာ သို့မဟုတ် မြန်မာစာ ဖြင့် ရိုက်နှိပ်ထားသော စာညွှန်း မပါသည့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများ ရောင်းချ နေမှုများအား မရောင်းချ ကြရန် ပညာ ပေးလျက်ရှိပြီး ပညာပေးကာလ ကျော်လွန်ပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း စားသုံးသူ အကာအကွယ် ပေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ စားသုံးသူများ ဖတ်ရှု နားလည်နိုင်မည့် စာညွှန်း မပါသော ပစ္စည်းများကို ပညာပေး ကာလပြီးဆုံး ပါက ဆက်လက် ရောင်းချလျက် ရှိသည့် ပစ္စည်းများအား သိမ်းဆည်း ဖျက်ဆီးခြင်း၊ လိုင်စင် သိမ်းခြင်း၊ ဥပဒေအရ ပြစ်ဒဏ်ပေးခြင်း၊ ငွေဒဏ် ချမှတ်ခြင်း စသည်ဖြင့် ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

စားသုံးသူ အကာအကွယ် ပေးရေး ကော်မတီ အနေဖြင့် စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းများအား အာဆီယံနိုင်ငံ အပါအဝင် နိုင်ငံတကာ နည်းတူ ရင်ပေါင်တန်း နိုင်ရန် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကို ၂ဝ၁၄ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်ခြေ ဈေးကွက်အတွင်း ပညာပေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တို့တွင် အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များ၊ ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုဆိုင်ရာ ဗဟိုကော်မတီ နှင့် စားသုံးသူ တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီအား ဖွဲ့စည်းကာ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားနိုင်ရန် ဖိတ်ခေါ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...