Social Icons

Pages

Wednesday, April 8, 2015

မြန်မာသင်္ဘောသား အလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ ငါးခုကို လုပ်ငန်းဆောင်ရွက်ခွင့် ရပ်ဆိုင်းထား


ရန်ကုန် ၊ ၈-၄-၂၀၁၅

ရုရှားအရှေ့ဖျားဒေသ Okhotsh Sea အတွင်း နစ်မြုပ်ခဲ့ရသည့် ရုရှား ငါးဖမ်းသင်္ဘောတွင် တရားမဝင် တာဝန်ထမ်းဆောင် နေသည့် မြန်မာ ၄၂ ဦးကို စေလွှတ်ခဲ့သည့် မြန်မာ သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီ ငါးခုကို လုပ်ငန်း ဆောင်ရွက်ခွင့် ရပ်ဆိုင်း ထားကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းသင်္ဘော Dalny Vostok သည် ရုရှား အရှေ့ဖျားဒေသ Okhotsh Sea အတွင်းဧပြီ ၁ ရက် ညပိုင်းက နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ပြီး ၄င်း သင်္ဘောတွင် Sea Rider ကုမ္ပဏီက မြန်မာ သင်္ဘောသား ၂၇ ဦး၊ Top Chance ကုမ္ပဏီက နှစ်ဦး၊ Asia Wave ကုမ္ပဏီက ရှစ်ဦး ၊ Light Oasis ကုမ္ပဏီက တစ်ဦး၊ Star Global ကုမ္ပဏီက လေးဦး တရားမဝင် စေလွှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သင်္ဘောနစ်မြုပ် သွားချိန်တွင် မြန်မာ နိုင်ငံသား ၄၂ ဦးအနက် ၂၂ ဦး အသက်ရှင် ကျန်ရစ်ပြီး တစ်ဦး ကွယ်လွန်ခဲ့ကာ ၁၉ ဦးပျောက်ဆုံး သွားကြောင်း သိရသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲသည် သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီများကို လုပ်ငန်း ဆောင်ရွက်ခွင့် ပြုလျက် ရှိသော်လည်း ငါးဖမ်းသင်္ဘော များသို့ မြန်မာ နိုင်ငံသား သင်္ဘောသား များကို ပို့ဆောင်ခွင့် မပြု ထားကြောင်း၊ သို့သော် ရုရှားငါးဖမ်း သင်္ဘောသို့ မြန်မာ သင်္ဘောသားများ ပို့ဆောင် ခဲ့သည့်အတွက် သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီ ငါးခု၏ လုပ်ငန်း ဆောင်ရွက်ခွင့်ကို ဧပြီ ၃ ရက်မှစ၍ ရပ်ဆိုင်းလိုက် ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၁၆၁ ခုရှိပြီး ရုရှား ငါးဖမ်း သင်္ဘောသို့ မြန်မာ သင်္ဘောသား စေလွှတ်သည့် ကုမ္ပဏီ ငါးခုမှာ ပထမဆုံး အကြိမ် လုပ်ငန်း လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...