Social Icons

Pages

Tuesday, March 3, 2015

ပြည်တွင်းလေဆိပ်များမှ ပြည်ပ ထွက်ခွာကြေး တိုးမြှင့် ကောက်ခံသွားမည်


ပြည်ပထွက်ခွာမည့် ခရီးသည်များအား တွေ့ရစဉ်

ရန်ကုန် ၊ ၃-၃-၂၀၁၅

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်မှ စ၍ ပြည်တွင်းလေဆိပ် များမှ ပြည်ပ ထွက်ခွာကြေး များကို တိုးမြှင့်ကောက်ခံ သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ တိုးမြှင့် ကောက်ခံမှုတွင် ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများ သာမက ပြည်တွင်း၌ ရောက်ရှိနေသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပြန်လည် ထွက်ခွာ ရာတွင်လည်း အကျုံးဝင်မည် ဖြစ်ကြောင်း၊ ပြည်ပ ထွက်ခွာကြေးကို တိုးမြှင့် ကောက်ခံရာတွင် ယခင်က တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝ ဒေါ်လာ ကောက်ခံခဲ့ရာမှ ယခုအခါ အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာသို့ တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်ပြီး ထွက်ခွာကြေး ပေးဆောင်ခြင်းကို မိမိတို့ စီးနင်းမည့် လေကြောင်းလိုင်း သို့ ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုးမြှင့် ကောက်ခံ ရရှိသည့် အခွန်များအား ပြည်တွင်းရှိ လေဆိပ်များ ဖွံ့ဖြိုးရေးနှင့် လုံခြုံမှုဆိုင်ရာ လုပ်ငန်းများတွင် ပြန်လည်သုံးစွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လေကြောင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အခွန် ကောက်ခံရာတွင် လေယာဉ် ရပ်နားခြင်း နှင့် ပြည်ပ ထွက်ခွာခြင်း၊ လေယာဉ် ဆင်းသက်ခြင်းတို့ အတွက် အခွန်ငွေများကို ကောက်ခံလျက် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...