Social Icons

Pages

Saturday, March 28, 2015

နှစ်(၇၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး ၊ စစ်သည်တေးသီချင်း ၊ ကဗျာ နှင့် ၀တ္ထုစာမူဆု ရရှိသူ စာပေပညာရှင် များအား ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း တပ်မတော်ဂုဏ်ပြု ကွမ်းလုံရက် ၄၀ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ ပန်းချီစိုးမိုး အား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၅

နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း ဖြစ်သည့် ကွမ်းလုံရက် ၄ဝ ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင် ခဲ့ကြသည့် အနုပညာရှင် များနှင့် စစ်ချီတေး၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆု ရရှိသူ စာပေပညာရှင် များအား ဂုဏ်ပြုဆု၊ ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကွမ်းလုံ ရက် ၄ဝ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ဆုရရှိသူ စာပေ ပညာရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်း က တပ်မတော် ဂုဏ်ပြု ကွမ်းလုံရက် ၄ဝ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ ပန်းချီစိုးမိုး၊ မူရင်းဝတ္ထု ပြုစုသူ ဦးလှသောင်း နှင့် ဇာတ်ညွှန်း ရေးသားသူ ထပ်ဆင့် အကယ်ဒမီ ဦးငြိမ်းမင်း တို့အား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က သရုပ်ဆောင်များ ဖြစ်ကြသည့် အကယ်ဒမီ ဦးဇော်ဦး၊ သူထူးစံ၊ စိုးရန်အောင်၊ အကယ်ဒမီ မေသဉ္ဇာဦး နှင့် မိုးယုစံ တို့ကို လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က မိုးယံဇွန်၊ ထက်လူ၊ ထူးခန့်ကျော်၊ သတ္တိ နှင့် မောင်ဟိန်းကျော်စိုးမိုး တို့ကို လည်းကောင်း၊ စိတ်ဓာတ်ရေးရာ နှင့် လူထု ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က အုပ်ချုပ်သူ ဗိုလ်မှူးကြီး ခင်မောင်ချို၊ ရိုက်ကူးရေး တာဝန်ခံ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဝတ္ထုနှင့် တွဲဖက်ဒါ ရိုက်တာ ဗိုလ်ကြီး တင်အောင်စိုး၊ စက်မှုနှင့် တည်းဖြတ် ဗိုလ်ကြီး ဗညားအောင် တို့ကို လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်း များ အသီးသီး ပေးအပ်သည်။

၎င်းနောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ စစ်ချီ တေးသီချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဒေါ်ခင်မိုးထွေး/ မိုးသူ (သုခုမ)၊ ဒုတိယဆု ရရှိသော တပ်ကြပ် သက်ဝေ၊ တတိယဆု ရရှိသော အရာခံဗိုလ် ကျော်လေး၊ နှစ်သိမ့်ဆု ရရှိသော ဗိုလ်ကြီး အောင်မိုးလင်း နှင့် တပ်ကြပ် ကြီးမင်းနိုင်၊ စစ်သည် တေးသီချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဒေါ်မေသန့်ရွှေ/ မေသန့် (သုခုမ)၊ ဒုတိယဆု ရရှိသော ဦးဝေလင်း/ ဝေလင်း (သုခုမ)၊ တတိယဆု ရရှိသော တပ်ကြပ် သက်ဝေ၊ နှစ်သိမ့်ဆု ရရှိသော ဗိုလ်ကြီး အောင်မိုးလင်း နှင့် တပ်ကြပ်ကြီး တင်မောင်လတ် နှင့် ဝတ္ထုတို စာမူပြိုင်ပွဲတွင် ပထမဆု ရရှိသော တပ်ကြပ်ကြီး တင့်ငွေ၊ ဒုတိယဆု ရရှိသော ဦးအောင်ကျော်မိုး/ နီသင်အောင်ကျော်မိုး၊ တတိယဆု ရရှိသော မနန်းစောညွန့်/ စောငယ်ငယ် (မိုးညှင်း)၊ နှစ်သိမ့်ဆု ရရှိသော မခင်သန္တာ နှင့် ဦးမြင့်သိန်း/ ထွန်းနိုင် တို့အား ဂုဏ်ပြုဆု၊ ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး က ကဗျာပြိုင်ပွဲတွင် ပထမဆု ရရှိသော တပ်ကြပ်ကြီး စာရေးဆရာ ဘိုသန်း/ ဘုန်းရဲနိုင် (ဂန့်ဂေါ)၊ ဒုတိယဆု ရရှိသော မောင်သက်ဌေးအောင်/ သက်ဝေမှူး၊ တတိယဆု ရရှိသော အောင်သက်ကို ပုံညာမြေရွှေဖူး၊ နှစ်သိမ့်ဆု ရရှိသော ဦးခင်မောင်မြ/ ခင်မောင်မြ (ညောင်ရွှေ)နှင့် တပ်ကြပ်ကြီး ကြည်မြင့်/ မောင်ရေမွှေး (ပေလေးပင်)၊ တပ်မတော်၏ သမိုင်းကြောင်းနှင့် ယှဉ်သော ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ပတ်သက်၍ စစ်ချီသီချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဗိုလ် ဖုန်းမြင့် (အငြိမ်းစား)၊ ဒုတိယဆု ရရှိသော တပ်ကြပ်ကြီး သက်ဝင်းလှိုင်၊ တတိယဆု ရရှိသော တပ်ကြပ်ကြီး မင်းနိုင်၊ နှစ်သိမ့်ဆု ရရှိသော တပ်ကြပ်ကြီး မောင်မျိုး နှင့် တပ်ကြပ်ကြီး သန့်ဇင်ဦး တို့အား လည်းကောင်း ဂုဏ်ပြုဆု၊ ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အသီးသီး ပေးအပ်သည်။

ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲ အပြီးတွင် အခမ်းအနား တက်ရောက် လာကြသူ များအား စားသောက် ဖွယ်ရာများ ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...