Social Icons

Pages

Wednesday, February 4, 2015

KIA (ကချင်)အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ

နေပြည်တော် ၊ ၄-၂-၂၀၁၅

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် နေထိုင်သော ဦးဇင်ဝင်း (ခေါ်) ဇင်ဝိုင်း ၂၇ နှစ်နှင့် မောင်ဖိုးချို ၁၈ နှစ်တို့ နှစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် တနိုင်းချောင်း အတွင်း ငါးရှာရန် အတွက် စက်လှေဖြင့် ထွက်ခွာခဲ့ပြီး ည ၁၁ နာရီ ၅ဝ မိနစ်ခန့်တွင် တနိုင်းမြို့ အနောက်ဘက် ၁ မိုင်ခန့် အကွာသို့ ရောက်ရှိစဉ် KIA (ကချင်)အဖွဲ့လိုက်လံ ဖမ်းဆီး ခြင်းကြောင့် စက်လှေအား မောင်းနှင် ထွက်ပြေးခဲ့ရာ KIA (ကချင်)အဖွဲ့ မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့သဖြင့် မောင်ဖိုးချို အား ဖမ်းမိကာ ဦးဇင်ဝင်း(ခေါ်) ဇင်ဝိုင်းမှာ ထွက်ပြေး လွတ်မြောက် ခဲ့သည်။

ထွက်ပြေး လွတ်မြောက် ခဲ့သော ဦးဇင်ဝင်း (ခေါ်) ဇင်ဝိုင်းမှာ KIA (ကချင်)အဖွဲ့ပစ်ခတ် ခြင်းကြောင့် ညာဘက်ခါးတွင် ဒဏ်ရာ ရရှိခဲ့ပြီး တနိုင်းမြို့ ပြည်သူ့ဆေးရုံ သို့ တက်ရောက် ကုသလျက်ရှိရာ တပ်မတော်မှ တာဝန်ရှိသူ များက သွားရောက်၍ အားပေးစကား ပြောကြားကာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...