Social Icons

Pages

Wednesday, February 4, 2015

ဖားကန့်မြို့ရှိ ကျောက်စိမ်းတောင် ကုမ္ပဏီ မီးလောင်မှုဖြစ်ပွား


မီးလောင်ကျွမ်းခဲ့သည့် ကျောက်စိမ်းတောင် ကုမ္ပဏီ (မလန်း) ကျောက်ကြော မြေစာပုံဝင်း အတွင်း ပျက်စီးမှုအား တွေ့ရစဉ်

ကျောက်စိမ်းတောင် ကုမ္ပဏီ (မလန်း) ကျောက်ကြော မြေပုံစာဝင်း အတွင်း မီးလောင်ကျွမ်းနေစဉ်

ဖားကန့် ၊ ၄-၂-၂၀၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရှိ ကျောက်စိမ်းတောင် ကုမ္ပဏီ၏ ရုံးခန်းနှင့် စားချက်ဆောင် တို့၌ ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ လုံခြုံရေး တာဝန်
ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်း များက သွားရောက်၍ လုံးခင်း ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းကာ မီးငြှိမ်းသတ် ပေးခဲ့ခြင်းကြောင့် ည ၁ဝ နာရီတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုအား စုံစမ်း စစ်ဆေးရာ ရေမဆေးကျောက်ရှာဖွေသူ အင်အား ၃ဝ ဦးခန့်မှ မီးလောင် စေသော အရာဝတ္ထု များဖြင့် ပစ်ပေါက် ခဲ့ခြင်းကြောင့် မီးလောင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်မှုတွင် ကုမ္ပဏီ ဝန်ထမ်း မောင်အောင်ကျော်ထွန်း၊ မောင်ရဲမင်းနိုင် တို့နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ သဖြင့် ဖားကန့် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ ဆေးဝါးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...