Social Icons

Pages

Monday, February 2, 2015

ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အနေဖြင့် သင်္ဘောများ တည်ဆောက်၍ အပျော်စီးခရီးစဉ်များ စီစဉ်လာ



ရန်ကုန် ၊ ၂-၂-၂၀၁၅

ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်း ကုမ္ပဏီများ အနေဖြင့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ရန် မီးပုံးပျံ ခရီးစဉ်နှင့် အပျော်စီး သင်္ဘောခရီးစဉ် များကို လုပ်ကိုင် ဆောင်ရွက် လာကြကြောင်း ခရီးသွား လုပ်ငန်း ကုမ္ပဏီများမှ သိရသည်။

လက်ရှိတွင် အပျော်စီး သင်္ဘော ခရီးစဉ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင် အခြေပြု လုပ်ကိုင် ဆောင်ရွက် နေကြပြီး ရန်ကုန်မြစ် အတွင်း အပျော်စီး သင်္ဘော ခရီးစဉ် နှင့် ဧရာဝတီ မြစ်ကြောင်း အပျော်စီး သင်္ဘော ခရီးစဉ်များကို လုပ်ကိုင် ဆောင်ရွက် နေကြသည်။ ယခုနှစ် ခရီးသွား ရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော် စသည့် ရက်ရှည် ခရီးစဉ် များကိုလည်း စင်းလုံးငှား အနေဖြင့် ငှားရမ်းနိုင်မည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာမှ စတင်ကာ မန္တလေးမြို့ကို အခြေပြု၍ အပျော်စီး သင်္ဘော ခရီးစဉ် ပြေးဆွဲသည့် သင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့ လာကြပြီး သင်္ဘောစီးရေ များလည်း တိုးချဲ့ပြေးဆွဲ လာခဲ့သည်။ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အပျော်စီး သင်္ဘော ခရီးစဉ်များ စီစဉ် ပြေးဆွဲ နေသော မြန်မာ နိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘော ကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ် ဖြစ်သော အပျော်စီး သင်္ဘောကို မန္တလေး - ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ် နှင့် ပုဂံ - မန္တလေး နှစ်ညအိပ် သုံးရက် ခရီးစဉ်များကို ပြေးဆွဲ နေသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် များသည် မန္တလေးမြို့မှ တစ်ဆင့် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့် ဒေသများသို့ အပျော်စီး သင်္ဘောခရီးစဉ် များဖြင့် သွားရောက် လည်ပတ်ခြင်း ကို အထူး စိတ်ဝင်စားမှု ရှိသောကြောင့် မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် အပျော်စီး သင်္ဘောများ တည်ဆောက်၍ အပျော်စီး သင်္ဘော ခရီးစဉ်များကို စီစဉ် လာကြခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...