Social Icons

Pages

Sunday, February 15, 2015

လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားရာ လူ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


လောက်ကိုင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

နေပြည်တော် ၊ ၁၅-၂-၂၀၁၅

လောက်ကိုင် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက အင်အား ဖြည့်တင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် လောက်ကိုင် မြို့တွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့တွင်း ၌ အမာခံ သတင်းပေးများ ၏ သတင်းပေးချက် အရ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မြို့တွင်းရှိ သောင်းကျန်းသူ စိမ့်ဝင် အခြေပြု နေရာများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ည ၇ နာရီချိန်ထိ သောင်းကျန်းသူ ထံမှ လက်နက်ငယ် မျိုးစုံ ၉၈ လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်း နှင့် သောင်းကျန်းသူ အလောင်း ၁၃ လောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး အပြင်း အထန် ဒဏ်ရာရရှိသူ ၈ ဦးတို့အား ဖမ်းဆီး ရရှိခဲ့ကြောင်း နှင့် လောက်ကိုင်မြို့ နှင့် ဆက်စပ် ဒေသများတွင် နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...