Social Icons

Pages

Wednesday, February 18, 2015

ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၃၀၀၀ ကျော်ကို ဒဏ်တပ်အရေးယူရာမှ ငွေကျပ် သန်း ၂၀၀၀ ကျော်ရရှိ



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ၂၀၁၄ ခုနှစ် ၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၃၀၀၀ ကျော်ကို ဒဏ်ငွေတပ် အရေးယူမှုမှ ငွေကျပ် သိန်း ၂၀၀၀ ကျော်ခန့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

ရန်ကုန်မြို့တွင် ခွင့်ပြုချက် မရရှိဘဲ တည်ဆောက် ထားသည့် အဆောက်အအုံ များ များပြား လာမှုကြောင့် စိစစ် အရေးယူ ဆောင်ရွက်မှု များကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ ဆောင်ရွက် ခဲ့ရာ ကိုးလကြာ ကာလအတွင်း တရားစွဲဆို ခဲ့သည့် အဆောက်အအုံ ပေါင်း ၃၇၈၀ ရှိခဲ့ပြီး ဒဏ်တပ်ရိုက် အရေးယူမှု မှ ဒဏ်ငွေ စုစုပေါင်း ငွေကျပ် သန်း ၂၀၀၀ ကျော်ခန့် ရရှိခဲ့ကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ( အဆောက်အအုံ ) ဌာန မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ များ ဆောက်လုပ်သည့် ကန်ထရိုက် လုပ်ငန်းရှင် များကို ဒဏ်ငွေ ပေးဆောင် စေသည့်အပြင် တရားဝင် ခွင့်ပြုချက် ရယူထား သော်လည်း သတ်မှတ် စည်းကမ်းများ မလိုက်နာဘဲ တည်ဆောက် နေသည့် တည်ဆောက်ဆဲ အဆောက်အအုံ များကို ဖျက်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ အထိ ပြန်လည် ဖျက်သိမ်းခဲ့သည့် အဆောက်အအုံ အလုံးပေါင်း ၄၅ လုံးခန့် ရှိကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...