Social Icons

Pages

Wednesday, February 18, 2015

ဒေသတွင်း အသည်းရောဂါ ဖြစ်ပွားမှုနှုန်း သိရှိစေရန် မတ်လအတွင်း စစ်တမ်း ကောက်ယူမည်


ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ဒေသတွင်း အသည်းရောဂါ ဖြစ်ပွားမှု နှုန်းများ သိရှိစေရန် မတ်လမှ စတင်၍ ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) နှင့် အသည်း ဖောင်ဒေးရှင်း တို့မှ ပူးပေါင်း စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကောက်ယူရာတွင် လူဦးရေ ၈ဝဝဝ ကျော်အား စစ်တမ်း ကောက်ယူရန် သတ်မှတ်ထားရာ အသည်းရောင် အသားဝါ B ပိုး ဖြစ်ပွားနှုန်း အတွက် လူဦးရေ ၄ဝဝဝကျော် နှင့် အသည်းရောင် အသားဝါ C ပိုး ဖြစ်ပွားနှုန်း အတွက် လူဦးရေ ၄ဝဝဝ ကျော် သတ်မှတ် ထားသည်။ ယင်း စစ်တမ်းကို အမေရိကန်နိုင်ငံရှိ Clinton Health Access Initiative ၏ အကူအညီဖြင့် ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါနှစ်မျိုး လုံးသည် အဓိက အားဖြင့် သွေးမှ တစ်ဆင့် ကူးစက်သည့် အပြင် ကိုယ်တွင်း အရည်၊ တံတွေး၊ မိခင်နို့ရည်မှ တစ်ဆင့် ကူးစက် တတ်ကြောင်း၊ လူစုလူဝေး နှင့်ေ နထိုင်သူများ နှင့် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများမှာ ဖြစ်နိုင်ခြေ ပိုမို များပြားကြောင်း၊ စစ်တမ်းမှ ရရှိလာသည့် အချက်အလက် များကို အခြေခံ၍ ကြိုတင် ကာကွယ်ရေး လုပ်ငန်း များနှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသည်းရောင် အသားဝါ B ပိုးမှာ ကြိုတင် ကာကွယ်ဆေး ရှိပြီး မွေးကင်းစ ကလေးငယ်များအား ဆေးရုံများ၌ အခမဲ့ ကာကွယ်ဆေး ထိုးနှံပေး နေကြောင်း၊ ဆေးသုတေသန ဦးစီးဌာန၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၌ ကာကွယ်ဆေး ထိုးနှံ နိုင်ကြောင်း၊ C ပိုးမှာ ကာကွယ်ဆေး မရှိသေးသည့် အတွက် ဖြစ်ပွားနှုန်းကို မခန့်မှန်း နိုင်ကြောင်း၊ B ပိုး၊ C ပိုး ရှိသူမှာ မှန်ကန်သည့် နေထိုင်နည်း သိရှိရန် စစ်တမ်း ကောက်ယူပြီး ပါက အသိပညာ ပေးမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...