Social Icons

Pages

Friday, February 27, 2015

ကိုးကန့်သောင်းကျန်းသူများ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများ ဆောင်ရွက်



နေပြည်တော် ၊ ၂၇-၂-၂၀၁၅

တပ်မတော် စစ်ကြောင်း များက လောက်ကိုင်ဒေသ အတွင်း နယ်မြေ ရှင်းလင်းခြင်း များကို တိုးမြှင့် ဆောင်ရွက်လျက် ရှိရာ ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် တောင်ပေါ်၊ တောတွင်း အရေးသာသော နေရာများမှ ပုန်းခို စောင့်ဆိုင်း၍ ချုံခို တိုက်ခိုက်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခြင်း များ ဆောင်ရွက် လာခဲ့သည်။

ထိုသို့ ချောင်းမြောင်း တိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ လောက်ကိုင် အနောက်မြောက်ဘက် တစ်ဝိုက်တွင် တစ်ကြိမ်၊ ချင်းရွှေဟော် နှင့် လုံထန်ကျေးရွာ ကြားတွင် တစ်ကြိမ်၊ လောက်ကိုင် နှင့် ကုန်းကြမ်းကြား ၂၃ မိုင်အနီးတွင် တစ်ကြိမ် နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်းများအား ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့တို့က အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက် လာ၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ ၄င်းရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်ဒေသ အတွင်း အင်အား ဖြည့်တင်းရန် ချီတက်လျက် ရှိသော တပ်မတော် စစ်ကြောင်းအား KIA (ကချင်)၊ SSA (ဝမ်ဟိုင်း) လက်နက်ကိုင် အဖွဲ့တို့က နမ့်ဆလပ် အနီးတစ်ဝိုက်မှ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်၍ ဆုတ်ခွာ ထွက်ပြေးရာ တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းတွင် လောက်ကိုင်အနီး မန်ချူးကျေးရွာ အရှေ့တောင်ဘက် လျှိုမြောင်ကြား ကြံခင်းအနီး၌ နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်း နှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားရာ သောင်းကျန်းသူများ နောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အထက်ပါ ဖြစ်စဉ်များတွင် သောင်းကျန်းသူ ထံမှ အလောင်း တစ်လောင်း၊ အမ် (၂၂)တစ်လက်၊ တရုတ် လက်ပစ်ဗုံး ငါးလုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ သိမ်းဆည်း ရမိခဲ့ပြီး အရာရှိ/ စစ်သည်
လေးဦး အသက်ပေးလှူ ခဲ့ကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...