Social Icons

Pages

Tuesday, January 13, 2015

USTOA မှ မြန်မာနိုင်ငံကို အလားအလာ အကောင်းဆုံး ခရီးသွားဒေသ အဖြစ် အသိအမှတ်ပြု



ရန်ကုန် ၊ ၁၃-၁-၂၀၁၅

အမေရိကန်နိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း United States Tour Operators Association (USTOA) မှ မြန်မာနိုင်ငံကို ၂ဝ၁၅ ခုနှစ်အတွင်း အလားအလာ အကောင်းဆုံးသော ခရီးသွားဒေသ အဖြစ် အသိအမှတ်ပြု ကြေညာချက် ထုတ်ပြန် ထားကြောင်း သိရသည်။

USTOA ၏ မကြာသေးခင် က ထုတ်ပြန် ကြေညာ လိုက်သော ၂ဝ၁၅ ခုနှစ်အတွင်း အလားအလာ အကောင်းဆုံး ခရီးသွား နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံကို ထိပ်ဆုံးထားကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုရှိ ခရီးသွား လုပ်ငန်းရှင်များ၏ သဘောထား အမြင်များ အပေါ်တွင် အခြေခံကာ USTOA က အဆိုပါ စစ်တမ်းကို နှစ်စဉ်ကောက်ယူ ထုတ်ပြန်ပေးလေ့ ရှိပြီး ယခုနှစ်တွင် အလားအလာ အကောင်းဆုံး ခရီးသွားနိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံနှင့် အတူ ကျူးဘား၊ ခရိုအေးရှား၊ အိုက်စလန်၊ အိန္ဒိယ၊ ပီရူး၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ပနားမား စသည့်နိုင်ငံ များကို ဖော်ပြထားသည်။

ထို့အတူ အဆိုပါ ကြေညာချက်တွင် ၂ဝ၁၅ ခုနှစ်အတွက် ရေပန်း အစားဆုံး ခရီးသွား နိုင်ငံများစာရင်း ကိုလည်း ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းနိုင်ငံများ ထဲတွင် အီတလီ၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ မက္ကဆီကို၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီး နှင့် ဗီယက်နမ်နိုင်ငံ တို့ကို ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် စုစုပေါင်း ဦးရေ ၃ ဒသမ ဝ၅ သန်းခန့် လာရောက်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁၁၃၅ သန်းကျော် ရရှိကာ စံချိန်သစ်တင် နိုင်ခဲ့ကြောင်း နှင့် ယခုလာမည့် ၂ဝ၁၅ ခုနှစ်တွင် လည်း ခရီးသွား ဧည့်သည် ငါးသန်းခန့် လာရောက် လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...