Social Icons

Pages

Tuesday, January 13, 2015

လက်မှုပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် မြန်မာ့ လက်မှုအနုပညာ အသင်း တည်ထောင်မည်



ရန်ကုန် ၊ ၁၃-၁-၂ဝ၁၅

မြန်မာ့လက်မှု ပစ္စည်းများ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အတွက် မြန်မာ့လက်မှု အနုပညာအသင်း ကို တည်ထောင် သွားမည် ဖြစ်ကြောင်း မြန်မာ့လက်မှု အနုပညာ အသင်းကို စတင်တာဝန်ယူ ဖွဲ့စည်း နေသော ဦးသာဒူး က ပြောသည်။

''အဓိကကတော့ ပြည်ပနိုင်ငံ တွေမှာ ကျင်းပတဲ့ လက်မှုပစ္စည်း ပြပွဲတွေကို တက်ရောက် ခဲ့တဲ့ အတွေ့အကြုံ တွေ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ လက်မှု အနုပညာ ပစ္စည်း အတွေ့အကြုံ တွေကို မျိုးဆက်သစ် လူငယ်တွေထံ ပြန်လည် မျှဝေချင်တဲ့ အတွက် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ မြန်မာ့လက်မှု အနုပညာ အသင်းကို စနစ်တကျ ဖွဲ့စည်း သွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာ့လက်မှု ပစ္စည်းများကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့၌ အဓိက လုပ်ကိုင်ကြခြင်း ကြောင့် မြန်မာ့လက်မှု အနုပညာ အသင်း ဖွဲ့စည်းမည် ဆိုပါက ယင်းဒေသများမှ လက်မှု အနုပညာရှင်များ အဓိက ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်မှု အနုပညာ အသင်းကို ဇန်နဝါရီ လကုန်ပိုင်းတွင် ဖွဲ့စည်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ပါဝင်မည့် သူများ အနေဖြင့် လက်မှုပစ္စည်း များကို ကိုယ်တိုင် ဖန်တီးသူများ၊ အရောင်းဆိုင်များ၊ ဝါသနာရှင်များ၊ ပညာရှင်များ ပါဝင်ရန် ဖိတ်ခေါ်လျက် ရှိပြီး လက်ရှိတွင် အသင်းဝင်ရန် စာရင်း ပေးထားသူ ၂ဝ ဦးကျော်ရှိ နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်မှု အနုပညာ အသင်း ဖွဲ့စည်းပြီးပါက ပြည်တွင်း၌ ကျင်းပမည့် နိုင်ငံတော်အဆင့် လက်မှုပညာ ပြပွဲများတွင် ပါဝင်ပြသ နိုင်မည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...