မန္တလေး ၊ ၁၆-၁-၂၀၁၅
သက်တမ်းလွန် တာယာများ ကန့်သတ်မှု ရှိသော်လည်း ဈေးနှုန်း သက်သာမှုကြောင့် သုံးစွဲမှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်တမ်းလွန် တာယာများကို ၂ဝ၁၄ ခုနှစ်မှ စတင်ပြီး နယ်စပ်ဂိတ် များမှ အကန့်အသတ် များဖြင့် စတင်တင်သွင်း ခွင့်ပြုထားပြီး အစိုးရမှ ကန့်သတ်မှု ရှိသဖြင့် သက်တမ်းလွန် တာယာများ ယခင်နှင့် စာလျှင် လျော့နည်း သွားကြောင်း သိရသည်။ သို့သော် ဈေးနှုန်း သက်သာ မှုကြောင့် သုံးစွဲရန် မသင့်သော်လည်း သုံးစွဲမှုများ ရှိနေသေးကြောင်း မန္တလေးမြို့ရှိ တာယာ အရောင်းဆိုင်ရှင် တစ်ဦးက ပြောပြသည်။
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်သုံး တာယာများမှာ ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံ တို့မှ အများဆုံး ဝင်ရောက်ပြီး တရုတ်နိုင်ငံမှ တင်သွင်း လာသော တာယာများမှ ယခင်က အသုံးနည်း သော်လည်း ယခုအခါ တွင် ဈေးနှုန်း သက်သာပြီး အရည်အသွေးမှာ ယခင်ကထက် ပိုမို ကောင်းမွန် လာခြင်းကြောင့် သုံးစွဲသူ များပြား လာကြောင်း၊ အကောင်းဆုံး တာယာမှာ အင်ဒိုနီးရှား နိုင်ငံမှ ထုတ်လုပ်သော G.T တံဆိပ်ရှိ တာယာမှာ အကောင်းဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့မှ ထုတ်သော တာယာများမှာ အရည်အသွေး ကောင်းသော်လည်း ဈေးနှုန်း မြင့်မားခြင်းကြောင့် သုံးစွဲမှု လျော့ နည်း လာကြောင်း၊ အချို့မှာ ဆိုင်ပေါ်၌တွင် သက်တမ်း ကုန်ဆုံးသွားသော တာယာများလည်း ရှိပြီး ၄င်း တာယာများကို ဈေးလျော့ ရောင်းချ ကြောင်းနှင့် ဈေးနှုန်း သက်သာမှု ရှိသော်လည်း သက်တမ်းလွန် တာယာများသည် ယာဉ်များ မောင်းနှင်ရာတွင် အန္တရာယ်ရှိသည့် အတွက် လုံးဝ အသုံးမပြု သင့်ကြောင်း တာယာ အရောင်းဆိုင်ရှင် တစ်ဦးက ပြောပြ၍ သိရသည်။(၁၇၂)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment