ရန်ကုန် ၊ ၁၃-၁-၂၀၁၅
ရန်ကုန် အဝေးသင် တက္ကသိုလ်ကို နိုင်ငံတကာ အသိအမှတ်ပြု အဝေးသင် တက္ကသိုလ် တစ်ခုအဖြစ် Asia Association of Open University ( AAOU ) မှ အမြဲတမ်း အဖွဲ့ဝင် အဖြစ် လက်ခံ လိုက်ကြောင်း သိရသည်။
အဆိုပါ Asia Association of Open University ( AAOU ) သည် ရန်ကုန်အဝေးသင် တက္ကသိုလ်၊ အိန္ဒိယနိုင်ငံရှိ Institute of Distance and Open Learning Gauhati University နှင့် မလေးရှား နိုင်ငံရှိ UNITAR International University တို့ကို အမြဲတမ်း အဖွဲ့ဝင်အဖြစ် ဝင်ခွင့် ပေးခဲ့ပြီး ဖိလစ်ပိုင်၊ စပိန် နှင့် သြစတြေးလျ နိုင်ငံတို့မှ တက္ကသိုလ် များကိုလည်း ပူးတွဲ အဖွဲ့ဝင် အဖြစ် ဝင်ခွင့် ပေးခဲ့ကြောင်း သိရသည်။
အာရှ - ပစိဖိတ်ဒေသ ရှိ အဝေးသင် တက္ကသိုလ် များနှင့် နေ့စဉ် တက်ရောက် ရသော တက္ကသိုလ် များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုဖြစ်သော Asia Association of Open University ( AAOU ) အဖွဲ့သို့ အမြဲတမ်း အဖွဲ့ဝင်အဖြစ် ရန်ကုန် အဝေးသင် တက္ကသိုလ် ဝင်ခွင့် ရခြင်းသည် တက္ကသိုလ်၏ အရည်အသွေး အဆင့်အတန်း မြင့်မားလာမည့် အပြင် နိုင်ငံတကာ အဆင့်အတန်း သို့ တက်လှမ်း နိုင်မည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။
ရန်ကုန် အဝေးသင် တက္ကသိုလ်ကို AAOU မှ အမြဲတမ်း အဖွဲ့ဝင်အဖြစ် ယခုနှစ် ဇန်နဝါရီလတွင် လက်ခံခဲ့ပြီး AAOU အဖွဲ့မှ အမြဲတမ်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သော တက္ကသိုလ် ၄၄ ခုရှိပြီး ပူးတွဲ အဖွဲ့ဝင် အဖြစ် တက္ကသိုလ် ၁၅ ခုရှိကြောင်း သိရသည်။
Asia Association of Open University ( AAOU ) အဖွဲ့သို့ ဝင်နိုင်ရန် ၂ဝ၁၄ ခုနှစ်မှ စတင် လျှောက်ထားခဲ့ပြီး ၄င်းတို့က ဘုတ်အဖွဲ့ဖြင့် စနစ်တကျ ဆုံးဖြတ်ပြီးမှ အဖွဲ့ဝင် အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့် က ပြောသည်။
ရန်ကုန်အဝေးသင် တက္ကသိုလ်သည် ၂ဝ၁၃ ခုနှစ် မေလတွင် နိုင်ငံပေါင်း ၂ဝဝ ကျော်မှ အဝေးသင် တက္ကသိုလ်များဖြင့် ဖွဲ့စည်း ထားသည့် ကမ္ဘာ့ အဝေးသင တက္ကသိုလ်များ အဖွဲ့အစည်း (ICDE) အဖွဲ့သို့ ဝင်ရောက်နိုင်ခဲ့ သောကြောင့် တစ်ကမ္ဘာလုံးမှ အဝေးသင် တက္ကသိုလ် များတွင် ပြုလုပ်သော လုပ်ဆောင်ချက် များကို သိရှိခွင့် ရသကဲ့သို့ ကျောင်းသား ဖလှယ်ရေး အစီအစဉ် များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ရရှိလာမည် ဖြစ်ကြောင်း သိရသည်။
ဆုလာဘ်
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment