ကျောက်ကပ်ပေါ်ရှိ အဒရီနယ်ဂလင်း အကျိတ်တည်သည့် လူနာအား ခွဲစိတ်ကုသပေးစဉ်
နေပြည်တော် ၊ ၂၀-၁၂-၂၀၁၄
ကျောက်ကပ်ပေါ်ရှိ အဒရီနယ် ဂလင်းအကျိတ် တည်ခြင်းကို Key Hole Surgery ခေါ်သည့် ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်၍ ခွဲစိတ်ကုသ ခြင်းအား ပြင်ဦးလွင် တပ်နယ်ရှိ တပ်မတော် ဆေးရုံ၌ ဒီဇင်ဘာ ၁၇ ရက်က ဒုတိယ တပ်မှူး ခွဲစိတ်ပါရဂူ ဗိုလ်မှူးကြီး စောရန်နိုင် ဦးစီး၍ အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့သည်။
အဆိုပါ လူနာမှာ ပြင်ဦးလွင်မြို့ ဆင်လမ်းရွာနေ အသက် ၂၂ နှစ်ရှိ အမျိုးသမီး လူနာဖြစ်ပြီး အဒရီနယ် ဂလင်း မှ ဟော်မုန်း ထုတ်လုပ်မှုများ သောကြောင့် မျက်နှာတွင် အမွေးအမှင်များ များသည့် အတွက် ပြသရာမှ ရောဂါရှာဖွေ တွေ့ရှိပြီး ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ဇူလိုင် ၃ဝ ရက်တွင်လည်း အဆိုပါ ဆေးရုံ၌ အဒရီနယ် ဂလင်းမှ ဟော်မုန်း ထုတ်လုပ်မှု များသောကြောင့် မကြာခဏ သွေးတိုးသည့် ရောဂါ ဖီရိုခရိုမိုဆိုက် တိုးမား (Phaeochromocytoma) ကို Key Hole Surgery ခေါ်သည့် ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်၍ ခွဲစိတ်ကုသ ခြင်းအား တပ်မတော် ဆေးရုံတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment