Social Icons

Pages

Wednesday, December 3, 2014

ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်မှ ရေဆိုးထွက်ရှိမှု အများဆုံး စက်ရုံ ၂၀၀ ခန့်ကို ဦးစွာ စစ်ဆေးမည်



ရန်ကုန် ၊ ၃-၁၂-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းမှ စက်မှုဇုန် ၂၄ ဇုန်ရှိ စက်ရုံ ၃၄၇၄ ရုံအနက်မှ ရေဆိုး ထွက်ရှိမှု အများဆုံး စက်ရုံ ၂ဝဝ ခန့်ကို ဦးစွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန) မှ သိရသည်။

ထိုသို့ စက်ရုံများမှ ရေဆိုး စွန့်ပစ်မှု စနစ်တကျ ရှိစေရန် ၂ဝ၁၅ ခုနှစ် မှစတင်ကာ ခြောက်လ တစ်ကြိမ် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိစက်ရုံ များ၏ ရေဆိုး စွန့်ပစ်မှုများကို တစ်နှစ် တစ်ကြိမ်သာ စစ်ဆေး နေရာတွင် စက်ရုံအချို့မှ စည်းကမ်း လိုက်နာမှု မရှိခြင်းကြောင့် လာမည့်နှစ် မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာ မှ သတ်မှတ် ထားသည့် ရေဆိုး စွန့်ပစ်သည့် အချက်လေးချက် နှင့်အညီ ဓာတုဗေဒ နည်းပညာဖြင့် ရေဆိုး သန့်စင်ပြီး အုတ်ကန်မှ တစ်ဆင့် စွန့်ပစ်ခြင်းများ စသည် တို့ကို အသေးစိတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံများမှ ရေဆိုး စွန့်ပစ်မှု စနစ်တကျ မရှိပါက ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ် လာမည့်အပြင် အနီးရှိ နေထိုင်သူ များ၏ ကျန်းမာရေး ကိုလည်း ထိခိုက်မှုများ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ 

ရေဆိုး စွန့်ပစ်မှု စနစ်တကျ ရှိစေရန် စက်ရုံများကို စစ်ဆေးရာတွင် လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံကို နှစ်ပတ်အတွင်း ပြန်လည် လုပ်ကိုင်စေပြီး၊ နှစ်ပတ်အတွင်း ဆောင်ရွက်ခြင်း မရှိပါက စက်ရုံလိုင်စင် ယာယီပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန)မှ သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...