မန္တလေး ၊ ၂၁-၁၂-၂၀၁၄
မန္တလေးတက္ကသိုလ် (၅၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂ဝ၁၅ ခုနှစ်ဇန်နဝါရီ ၁၅ ၊ ၁၇၊ ၁၈ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ဘွဲ့နှင်းသဘင် အခမ်း အနားတွင် မန္တလေးတက္ကသိုလ် မှ ကျင်းပခဲ့သည့် ပါရဂူဘွဲ့၊ မဟာ သုတေသနဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ ၊ မဟာသိပ္ပံဘွဲ့၊ မဟာ ဥပဒေဘွဲ့ ၊ ဝိဇ္ဇာ (ဂုဏ်ထူးဘွဲ့)၊ သိပ္ပံ (ဂုဏ်ထူးဘွဲ့)၊ အင်္ဂလိပ် စာသင်ကြားရေး ဒီပလိုမာဘွဲ့ ၊ ခရီးသွားလုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့(၃/၂ဝ၁၃)၊ စီးပွားရေး ဥပဒေ ဒီပလိုမာဘွဲ့ (၁၂/၂ဝ၁၃)၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာဘွဲ့(၂/၂ဝ၁၃) ၊ အရှေ့တိုင်းပညာ ဘွဲ့လွန် ဒီပလိုမာဘွဲ့(၂/၂ဝ၁၃) နှင့် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဘွဲ့လွန် ဒီပလိုမာဘွဲ့ (၂/၂ဝ၁၃) စာမေးပွဲ အသီးသီးကို ဖြေဆို အောင်မြင်ခဲ့ ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနား သို့ တက်ရောက် ဘွဲ့ယူရန် လျှောက်ထားကြ သူများအား ဘွဲ့၊ ဒီပလိုမာဘွဲ့ များ အပ်နှင်းချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူကြမည့် သူများအားလုံး ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် ကျင်းပမည့် အစမ်း လေ့ကျင့်ပွဲသို့ (မပျက်မကွက်) တက်ရောက်ကြ ရမည်ဖြစ်ပြီး ဘွဲ့နှင်းသဘင် ဘွဲ့ဝတ်စုံများ၊ ငှားရမ်းခွင့် ထောက်ခံစာနှင့် အစမ်း လေ့ကျင့်ပွဲ တက်ရောက်ခွင့် ပြုသည့် လက်မှတ်များကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ စတင်၍ မန္တလေးတက္ကသိုလ် (ပင်မ) စာမေးပွဲ နှင့် ဘွဲ့နှင်းဌာန တွင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ (ဝ၂၁)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment